ရွာငံမှာ မိုးသည်းထန်စွာရွာပြီး စစ်ရှောင်စခန်းပေါ် တောင်ပြိုကျကာ ကလေးငယ်တွေအပါအဝင် (၁၀)ဦးသေဆုံးခဲ့
စက်တင်ဘာလ (၂၆)ရက်။ စက်တင်ဘာလ (၂၄)ရက်နေ့က ရွာငံမြို့မှာ မိုးရွာသွန်းတာကြောင့် စစ်ရှောင်စခန်းတခုပေါ် တောင်ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်(DSNDA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် စစ်ရှောင်စခန်းတခုပေါ် တောင်ပြိုကျတဲ့ဖြစ်စဉ်ထဲ စစ်ဘေးရှောင်ပြည်သူ (၁၀)ဦးခန့် နစ်မြုပ်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။...









