တော်လှန်ရေးကို နှောင့်နှေးစေမယ့်ကိစ္စတွေ တားဆီးကြဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
ဒီဇင်ဘာလ (၂၈)ရက်။ တော်လှန်ရေးကို နှောင့်နှေးစေမယ့်ကိစ္စတွေ တားဆီးနိုင်ကြဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ ကြားကာလဒေသန္တရဗဟိုကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်ရေးအရ ဖိအားပေးတာတွေ ဆထက်တိုးပြီး ဖော်ဆောင်နိုင်ဖို့ ပြင်ဆင်ရမယ့်အချိန်မှာ နောက်ပြန်ဆွဲပြီး တော်လှန်ရေးကို...









