စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို လက်တွဲဆန့်ကျင်သွားမယ်လို့ MSFC နဲ့ MSCC တို့ ပူးတွဲထုတ်ပြန်
စက်တင်ဘာလ (၁၈)ရက်။ စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို လက်တွဲဆန့်ကျင်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ(MSCC)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ (၁၆)ရက်နေ့က MSFC သဘာပတိ နိုင်ကောင်းရွက် ဦးဆောင်တဲ့အဖွဲ့နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ(MSCC)ဥက္ကဋ္ဌ ဒေါက်တာခင်အောင် ဦးဆောင်တဲ့အဖွဲ့တို့ အွန်လိုင်းကနေ...









