သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မြေကွက်ကို သမက်ဖြစ်သူက အလွဲသုံးစားရောင်းချ
ဒီဇင်ဘာလ (၄)ရက်။ သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မန္တလေးက မြေကွက်ကို သမက်ဖြစ်သူ ဦးတာယာမြင့်ဆွေက အလွဲသုံးစားလုပ် ရောင်းချခဲ့တယ်လို ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ ဦးမြင့်ဆွေရဲ့ မန္တလေးတိုင်း မဟာအောင်မြေမြိုနယ် အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ်(၃၁)ရှိ ဧရိယာ (၀.၁၁၀၂)အကျယ်...









