ထီးချိုင့်တိုက်ပွဲ အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာများ မီးရှို့ဖျက်ဆီး
ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မြို့နယ်အတွင်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ထီးချိုင့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေး တပ်များနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြရာမှာ...