တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မန်တုံမြို့ကို စစ်ကောင်စီက ပေါင်(၃၀၀)ဗုံးနဲ့ (၂)ကြိမ်တိုက်ခိုက်ခဲ့
စက်တင်ဘာလ (၄)ရက်။ မနေ့က ည (၁၀)နာရီ (၄၅)မိနစ်အချိန်မှာ မန်တုံမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀)ဗုံး (၂)ကြိမ် လာရောက်ကြဲချခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့(TWO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗုံးချတဲ့နေရာက အောင်ချမ်းသာနဲ့မြို့မကြားက...