နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်း(၁၇)ဦး လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ခံထားရ

အောက်တိုဘာလ (၁၁)ရက်။

‌ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ထောင်ထဲ လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီနိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို အောက်တိုဘာလ (၂)ရက်နေ့ကစပြီး (၅)ယောက်တစုနှုန်း လူခွဲကာ ပြစ်ဒဏ်တိုက်ခန်းတွေမှာ တိုက်ပိတ်ထားသလို ခြေကျင်းဒေါက်တွေပါ ခတ်ထားခံရတယ်လို့ ဆိုပါတယ်။

တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဘာပြစ်မှုကိုမှ ကျူးလွန်ထားတာမရှိဘဲ နိုင်ငံရေးအကျဉ်းသားတစ်ဦး ထိုးကြိတ်ခံရတာကို ဖြေရှင်းပေးဖို့ အဆောင်မှူးကို တင်ပြခဲ့ပေမယ့် မဖြေရှင်းပေးခဲ့ဘဲ တင်ပြသူတွေကို လူစုလူဝေးလုပ်တယ်ဆိုပြီး တိုက်ပိတ်တာလို့ ဖော်ပြထားပါတယ်။

တိုက်ပိတ်ခံထားရသူတွေဟာ ဉာဏ်လင်းနိုင်၊ သဲဦးပိုင်၊ ခန့်ညားသူ၊ ကိုလင်း၊ ကျော်လင်းမောင်၊ ဇော်မျိုး၊ ရှမ်းလေး၊ မင်းနိုင်ထွန်း(ခ)ကြက်ဖကြီး၊ ကျော်သူရဝင်း(ခ)ကျော်ကြီး၊ ဇော်မင်းထိုက်၊ မျိုးကြီး၊ ဇော်ကြီး၊ ဇင်မျိုးထိုက်၊ ထက်လင်း၊ ဇင်ကိုဖြိုး၊ အာကာမင်းနဲ့ ဗူးသီးတို့ဖြစ်တယ်လို့ သိရပါတယ်။

နောက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလဲ နိုင်ငံရေးအကျဉ်းသူ (၈)ဦးကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ အဓမ္မ အင်အားသုံး ခေါ်ဆောင်ကာ အမျိုးသားအဆောင် တိုက်ဝန်းထဲ တိုက်ပစ်ပြစ်ဒဏ်တွေ ချမှတ်ကာ မတရား အပြစ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစပြီး ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ဖိနှိပ်တာတွေ ပိုမိုလုပ်ဆောင်လာပြီး ညှဉ်းပန်းနှိပ်စက်တာ၊ မတရားရိုက်နှက်တာ၊ ခြေကျင်းဒေါက်ခတ် တိုက်ပိတ်တာ၊ ထောင်ပြောင်းတာတွေကို ပြုလုပ်ပြီး ဆက်လက်ဖိနှိပ်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် မတရား တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး တိုက်ပြန်ဖွင့်ကာ မူလအဆောင်တွေမှာ ထားရှိဖို့ PPNM က တောင်းဆိုထားပါတယ်။

ဒါ့အပြင် အခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် မတရားဖိနှိပ်နေတဲ့ ဒိုက်ဦးထောင်ထဲက ဝန်ထမ်းတွေကို ထိရောက်တဲ့ တရားမျှတမှုတွေ ပြန်လည်ပေးအပ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့လဲ ‌ထည့်သွင်းပြောဆိုထားပါတယ်။

နိုင်ငံထဲရှိ အကျဉ်းထောင် (၄၀)ကျော်ကို စောင့်ကြည့်ရာ လူ့အခွင့်အရေးချိုးဖောက်တဲ့ ထောင်တွေထဲ ဒိုက်ဦးထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုအများဆုံး ထောင် (၅)ခုထဲမှာ တခုအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ