ကျောင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ သင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော
ဇွန်လ (၁၃)ရက်။ ကျောင်းသား၊ ကျောင်းသူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ သင်ကြားပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုရက်ပိုင်းထဲ ပြင်ဦးလွင်မြို့ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံကိုတာဝန်ယူထားချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို...









