ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်
တော်လှန်ရေးရဲဘော်တွေအပါအဝင် အကျဉ်းသား (၁၅)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆို အောက်တိုဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၃)နာရီခန့်က ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်(CNA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်း (၃)နာရီလောက်ကစဖြစ်တာ။...









