စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကို ဒီကနေ့ကစပြီး ပိတ်ပင်ထား
စက်တင်ဘာလ (၂၃)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဩဂုတ်လကစပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ ဒီမော့ဆိုကနေ ဖရူဆိုမြို့ကို လမ်းမကြီးတလျှောက် ထိုးစစ်ဆင်လာကာ စက်တင်ဘာလထဲအထိ တိုက်ပွဲတွေဟာ...









