ပြည်သူရဲ့မျက်နှာတခုထဲသာကြည့်ပြီး အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် ကျောချင်းကပ်လုပ်ရမယ့်ကာလလို့ NUG ပြော
ဩဂုတ်လ (၈)ရက်။ ပြည်သူရဲ့ မျက်နှာတခုထဲကိုသာကြည့်ပြီး အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းအောင် ကျောချင်းကပ် ဆောင်ရွက်ရမယ့်ကာလလို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၃၇)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုနွေဦးတော်လှန်ရေးဟာ စစ်ရာဇဝတ်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာသာမက အခုအချိန်အထိ...








