နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းမှူးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ မိသားစုဝင်တွေ ခြိမ်းခြောက်ခံနေရ

ဩဂုတ်လ (၇)ရက်။

ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးက ကိုယ်ဝန်ဆောင်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တာမှာ ကျူးလွန်ခံရတဲ့ မိသားစုဝင်တွေ ခြိမ်းခြောက်ခံနေရတယ်လို ပြောဆိုချက်တွေအရ သိရပါတယ်။

“အခု သတင်းတွေတက်လာတော့ ကျွန်မထင်ပြီး ဦးလေးဆီလာပြီး သတင်းတင်ထားတာတွေကို ခုချက်ချင်းဖျက်ပေးဖို လာပြောတာ။ မဖျက်ပေးရင် သူတိုဘက်က ဆက်လုပ်စရာရှိတာ ဆက်လုပ်မယ်။ ကလေးမလေးမိသားစုကိုလဲ အား‌မွေးထား နောက်ထပ်စစ်ဆေးတာတွေ လုပ်သွားဦးမှာဆိုပြီး သံမဏိအဖွဲက လာခြိမ်းခြောက်သွားတာ”လို ကျူးလွန်ခံရတဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း(၂၆) တပ်ရင်းမှူးက ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့တဲ့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးဟာ နယုန်လဆန်း (၇)ရက်နေ့မှာ လက်လှုပ်ရွာကနေ အေးကုန်းရွာကို ပြန်လာချိန် အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရတာလို သိရပါတယ်။

အဲ့ဒီလို အတင်းအဓမ္မ ခေါ်ဆောင်ခဲ့ပြီးနောက် တပ်ရင်းနေရာကို ရောက်တဲ့အချိန် ကိုယ်ဝန်ရှိနေတဲ့ဗိုက်ကို လက်သီးနဲ့ ထိုးခဲ့ပြီး နယုန်လဆန်း (၈)ရက် ည (၉)နာရီကျော်မှာ သားမယားအနေနဲ့ ပြုကျင့်ခံရတာလို ‌တိုင်တန်းစာထဲ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် နယုန်လဆန်း (၉)ရက်နေ့ နံနက် (၈)နာရီအချိန်မှာ ထွက်ပြေးလာခဲ့ပြီး မိဘအိမ်ရှိတဲ့ အေးကုန်းရွာကို ရောက်ရှိခဲ့ကာ ဖြစ်စဉ်ကို အရေးယူပေးဖို ကျူးလွန်ခံရသူ အမျိုးသမီးက NUG ဝန်ကြီးချုပ်နဲ့ စစ်ရေးချုပ်အပါအဝင် ပြည်ထဲရေး၊ တရားရေးနဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနတိုကို စာပိုတိုင်ကြားခဲ့တာပါ။

နောက်ပြီး ကျူးလွန်ခံရတဲ့ အမျိုးသမီးဟာ ကိုယ်ဝန်ပျက်ကျကာ ဆေးရုံတက်နေချိန် ဇူလိုင်လ (၈)ရက်နေ့မှာ တပ်ရင်း(၂၆)နဲ့ ခရိုင်ပလဖရဲဘော်တွေက ဖခင်ဖြစ်သူဆီ လာရောက်ခြိမ်းခြောက်တာတွေရှိခဲ့တယ်လို သိရပါတယ်။

“ကလေးမလေး ဆေးရုံတက်နေတဲ့ချိန် အဖေဖြစ်သူဆီကို တပ်ရင်း(၂၆)နဲ့ ခရိုင်ပလဖရဲဘော်တွေ ရောက်လာပြီး ဖုန်းနဲ့ အသံတုလုပ်ပြီး အမှုရုပ်သိမ်းဖိုကို မတရားခြိမ်းခြောက်သွားသေးတယ်။ ပြီးတော့ အခြားရွာက ကလေးမလေးအဖေရဲ့ ညီ ဦးလေးဖြစ်သူဆီကိုလဲ တပ်ရင်းမှူးကျော်ဟိန်းအကို အောင်မြင့်အေးနဲ့အဖွဲက လာစုံစမ်းသွားတယ်။ အမှုရုပ်သိမ်းရင် ရုပ်သိမ်း မဟုတ်ရင် မိသားစု ဒုက္ခရောက်မယ်ဆိုပြီး ပြောသွားတာ။ အမှုရုပ်သိမ်းပေးရင် လူကြီးနဲ့ လာတောင်းပန်မယ်ဆိုပြီးလဲ ပြောသွားသေးတယ်”လို သူက ဆက်ပြောပါတယ်။

အခုလို အမှုဖွင့်တိုင်ကြားတဲ့အပေါ် ကျူးလွန်ခံရတဲ့ အမျိုးသမီးရဲ့ ဖခင်ဖြစ်သူအပါအဝင် ဆွေမျိုးတွေကို ခြိမ်းခြောက်တာမှာ တပ်ရင်း(၂၆)နဲ့ ခရိုင်ပလဖအပြင် သံမဏိအဖွဲနဲ့အတူ လာပိုရွာလူသတ်မှုမှာပါဝင်ခဲ့တဲ့ မြွေပွေး(ခ)မောင်ဦး ထွဋ်ခေါင်(ခ)ချောင်းဆုံတောပြင် ဗိုလ်ဦးအဖွဲတို ပါဝင်တယ်လို သိရပါတယ်။

အဲ့ဒီအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ဘက်ကတော့ မမှန်မကန်တိုင်ကြားတာလို ငြင်းဆိုထားကာ PDF ဂုဏ်သိက္ခာ ညှိးနွမ်းစေတာကြောင့် ပြန်လည်တရားစွဲသွားဖို ပြင်ဆင်နေတယ်ဆိုပြီး သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 13 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 15 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 15 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 28 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 38 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး