မာရက်ဇ်နဲ့ ဟန်ဒါဆင်တို့ကို ဆော်ဒီကလပ်များခေါ်ယူဖို့ သဘောတူညီမှုရရှိ
အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးရာသီစတင်ဖို့ တစ်လခန့်သာလိုအပ်တော့တဲ့အချိန်မှာ လီဗာပူးကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆင်နဲ့ မန်စီးတီးတောင်ပံကစားသမား မာရက်ဇ်တို့ကို ဆော်ဒီပရိုလိဂ်ကလပ်တွေ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် အဲလ်ဂျီးရီးယားကစားသမား မာရက်ဇ်ဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေပေမယ့် ဂျပန်၊ တောင်ကိုရီးယား...









