ကရင်နီပြည်ထဲ ရေဘေးအန္တရာယ်နဲ့ပတ်သက်ပြီး Karenni-IEC က အရေးပေါ်အသိပေးချက်ထုတ်ပြန်
စက်တင်ဘာလ (၁၃)ရက်။ ကရင်နီပြည်ထဲ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေဘေးအန္တရာယ်တွေ ကြုံတွေ့နေရတဲ့အပေါ် Karenni-IEC က မနေ့ကရက်စွဲနဲ့ အရေးပေါ်အသိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ ကရင်နီပြည်ထဲ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်၊ ပွန်ချောင်းနဲ့ ထူးချောင်းအပါအ၀င် မြစ်ချောင်းတွေမှာ ပုံမှန်ရေကြီးရေလျှံတာတွေအပြင်...