မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တ အရိယာဝံသာ ဘိဝံသ (သ.စ.အ) ဝဋံသကာ ၊ အောက်တိုဘာ ၂၇ ရက်၊ ည ၊ ထိုင်းစံတော်ချိန် (၁၁) နာရီမှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါတယ် ။
အောက်တိုဘာ (၂၈) ရက်နေ့လည် ၂ နာရီခန့် မဲဆောက်ဆေးရုံကြီးကနေ ကျောင်းတိုက်တခုဆီ မြဝတီမင်းကြီးဆရာတော်ရဲ့ ရုပ်ကလာပ်ကို ပြန်လည်ပင့်ဆောင်ခဲ့ကြောင်းသိရပါတယ်။
ဆရာတော်ဟာ နှလုံးသွေးကျောပိတ် ဝေဒနာနဲ့ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီကို ကြံကြံခံတွန်းလှန်ရင်း ဓမ္မဘက်က အမြဲရပ်တည်ခဲ့တဲ့ ဆရာတော်တပါးလည်းဖြစ်ပါတယ်။ စစ်ကောင်စီက ဆရာတော်ကို နိုင်ငံရေးပုဒ်မနဲ့ ထောင် (၆) လ ချခဲ့ပါသေးတယ်။
အဲဒီနောက်ပြန်လည်လွတ်မြောက်ချိန်မှာ တိမ်းရှောင်ခဲ့ရင်း မဲဆောက်မြို့မှာ သီတင်းသုံးနေထိုင်ကာ ဓမ္မတရားတွေကို အွန်လိုင်းစာမျက်နှာ မီဒီယာတွေကတဆင့် ပြည်သူလူထုကို ဓမ္မ အသိတွေ အမြဲဟောပြောပို့ချခဲ့တာလည်းဖြစ်ပါတယ်။