စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ (၂၀) ရက်က စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် မော်လိုက်ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
မော်လိုက်ဒေသသည် အင်တာနက်နှင့် ဖုန်းလိုင်းအဆက်သွယ်များ ဖြတ်တောက်ခံထားရသည့် ဒေသတစ်ခုလည်း ဖြစ်သည်။
မော်လိုက်မြို့နယ်ကို စစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်းများနှင့် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ရွာပေါင်း (၁၃) ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိအချိန်တွင် စစ်ဘေးရှောင်ဦးရေ တသောင်းခွဲခန့်သည် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရပြီး ဖြစ်သလို တိမ်းရှောင်နေရသည့်အတွက် နေစရာ၊ စားစရာနဲ့ အဝတ်အထည်များနှင့် ကျန်းမာရေး ဆိုင်ရာ ပြုစုစောင့်ရှောက်မှုများလည်း အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
MoeZ/Era’seye