ဇွန်လ (၂၆)ရက်။
မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့ သတင်းပေးချက်နဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ” လို ဆိုပါတယ်။
မြိုင်မြိုပေါ် မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေ အင်အားအနည်းငယ်နဲ့ ရိက္ခာထွက်ယူချိန် ကာကွယ်ရေးတပ်ဖွဲဝင်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲဝင် (၁)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံဖို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတာ၊ အနီးကပ်နေထိုင်တာတွေ မလုပ်ဖို မြိုင်ပကဖက တိုက်တွန်းနှိးဆော်ထားတယ်လို သိရပါတယ်။






