ရန်ကုန်ပညာရေး တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးဖြစ်သူ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တွဲဖက်အတွင်းရေးမှူး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် အဖွဲ့ဝင် မနန်းတွယ်တာဦးကို
စစ်ကောင်စီက ထောင် (၁၀) နှစ် ချမှတ်ချမှတ်လိုက်ကြောင်း ဗကသများ အဖွဲ့ချုပ်ထံက သိရသည်။
မနန်းတွယ် တာဦး သည် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေစဉ် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် စစ်ကောင်စီက သူမကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ မနန်းတွယ်တာဦးကိုမော်လမြိုင်တရားရုံးက ဒီဇင်ဘာ (၂၉) ရက်က အကြမ်းဖက် ပုဒ်မ ၅၀ ည ဖြင့် ထောင် (၁၀) နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ထောင်ဒဏ်များချမှတ်ခြင်းသည် မတရားသဖြင့် လိုရာဆွဲကာ ဥပဒေကို လက်တလုံးခြား အသုံးချပြီး နိုင်ထက်စီးနင်းပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ် စောင့်ကြည့်သူများက ပြောဆိုကြသည်။ စစ်ကောင်စီ အနေဖြင့် ယခုကဲ့သို့ ကျောင်းသားလူငယ်များက ဖမ်းဆီး သတ်ဖြတ်ထောင်ချခြင်းများ ဆက်လက်ပြုလုပ်နေပါက လွပ်လပ်၍ တရားမျှတသော ဒီမိုကရေစီဆိုသည်မှာ အလှမ်းဝေးနေဦးဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောကြားခဲ့ကြသည်။
MoeHtetNway/Era’sEyes