နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက်

သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။

F-15E ၏ လေယာဉ်မှူးကို ကယ်တင်နိုင်ခဲ့သော်လည်း လက်နက်စနစ်ထိန်းချုပ်ရေးအရာရှိ (weapon systems officer) မှာမူ ပျောက်ဆုံးနေဆဲဖြစ်သည်။
တစ်ချိန်တည်းမှာပင် ပင်လယ်ကွေ့ပေါ်၌ ဒုတိယမြောက် အမေရိကန်တိုက်လေယာဉ် တစ်စင်းကို ထပ်မံပစ်ချခဲ့ကြောင်း အီရန်က ဆိုသည်။

ပထမဆုံး ပျက်ကျသွားသော လေယာဉ်ကို ရှာဖွေကယ်ဆယ်ရေး မစ်ရှင်ဆောင်ရွက်နေစဉ် A-10 Warthog တိုက်လေယာဉ်တစ်စင်း ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အမေရိကန် မီဒီယာများ က ဖော်ပြကြသည်။

Warthog လေယာဉ်မှူးသည် ပင်လယ်ကွေ့ပေါ်တွင် လေယာဉ်ပေါ်မှ အရေးပေါ်ခုန်ထွက်ခဲ့ပြီး နောက် ၎င်းကို ကယ်တင်နိုင်ခဲ့ကြောင်း BBC ၏ အမေရိကန်သတင်းမိတ်ဖက် CBS က သတင်းထုတ်ပြန်ထားသည်။

F-15E Strike Eagle တိုက်လေယဥ်သည် တာဝေးသွား တိုက်လေယဥ်ဖြစ်ပြီး ဝေဟင်မှ ဝေဟင် နှင့် ဝေဟင်မှ မြေပြင် တိုက်ပွဲများတွင် အသုံးပြုသည်။ ရန်သူပစ်မှတ်များကို အဝေးမှပစ်ခတ် နိုင်ပြီးလျှင်မြန်စွာပြန်လည်ထွက်ခွာနိုင်သည်၊ လေယဥ်မှူးပိုင်းလော့နှင့် လက်နက်ပစ်ခတ်သူ အရာရှိတို့ စီးနင်းလိုက်ပါလေ့ရှိသည်။ တိုက်လေယဥ်တစင်းလျှင် တန်ဖိုး အမေရိကန်‌ဒေါ်လာ သန်း၁၀၀တန်ကြေးရှိသည်။ ပိုင်းလော့ကို ရေဒါမှမသိရှိနိုင်ရန် အလွန်နိမ့်စွာ ပျံသန်းနိုင်စေရန် ဆောင်ရွက်ပေးထားသည်၊ F15sအမျိုးအစားကို ၁၉၇၄ခုနှစ်မှစတင်အသုံးပြုခဲ့ပြီး ၁၉၈၈ခုနှစ် တွင် F-15Eကို စတင်မိတ်ဆက်ခဲ့သည်။

A-10 Thumderbolt II ကို Warthog ဟုလည်းလူသိများသည်၊ ၁၉၉၁ခုနှစ်ပင်လယ်ကွေ့ စစ်ပွဲတွင် စတင်အသုံးပြုခဲ့သည်။ အနိမ့်ပျံသန်းလှုပ်ရှားမှုတွင် ထိန်းကြောင်းရလွယ်ကူပြီး မြေပြင်တပ်ဖွဲ့များကို ကူညီမှု ပေးနိုင်ရန် ပုံစံထုတ်ထားသည်။ အင်ဂျင်များကိုအမြင့်တွင်တပ်ဆင်ထားပြီးပစ်ခတ်လိုက်သောကျဥ်ဆံများနှင့်ပေါက်ကွဲအပိုင်းအစများထိခိုက်ခံရနိုင်မှုမှကာကွယ်ထားသည်။ ကြမ်းတမ်းပြီးမညီညာ ထိခိုက်ထားသော လေယဥ်ကွင်းများတွင် ဆင်းသက်နိုင်ရန် ခိုင်မာသည့်အောက်ခံဘီးများကို တပ်ဆင်ထားသည်။ တောင်ပံအောက်တွင် အမျိုးမျိုးသောဒုံးလက်နက်များကိုတပ်ဆင်နိုင်သည်၊ ဦးခေါင်းထိပ် တည့်တည့်တွင် တမိနစ်လျှင် ကျဥ် ၃၉၀၀အထိ ပစ်ခတ်နိုင်သော အမြောက်သေနတ်ကို တပ်ဆင် ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 85 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 102 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက