နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 25 ရက်

1027 Operations

1027 Operations

ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်တွေရဲ့ ဘဏ်ငွေတိုက်ခန်းကို ဖောက်ထွင်းဖို့ ကြံစည်တာတွေရှိခဲ့တယ်လို့ NUG ပြော

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ခေတ်မျက်လုံး။

ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်တွေမှာ လုံခြုံရေးစည်းပေါက်ပြီး ဘဏ်ငွေတိုက်ခန်းကို ဖောက်ထွန်းဝင်ရောက်ဖို့ ကြံစည်ထားတဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG ရဲ့ ကြားကာလဗဟိုဘဏ်က နိုဝင်ဘာလ (၃၀)ရက်နေ့မှာ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေသားလက်ကျန် ကျပ်သန်းပေါင်း (၄၄,၅၁၈.၂၉၇)ကို လက်ခံသိမ်းဆည်းရရှိခဲ့တဲ့အပေါ် အစီရင်ခံတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ပုဂ္ဂလိကဘဏ်တွေရဲ့ ဘဏ်ငွေတိုက်ခန်းကို ဖောက်ဝင်ဝင်ရောက်ဖို့ ကြံစည်အားထုတ်တာကို အချိန်မီကာကွယ်တားဆီးနိုင်ခဲ့တာကြောင့် ပြည်သူလူထုရဲ့ အပ်နှံငွေတွေ ဆုံးရှုံးခဲ့တာမရှိဘူးလို့ ဖော်ပြထားပါတယ်။

ကြားကာလဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်အရ ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်တွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်ထိန်းသိမ်းခဲ့တယ်လို့ ရေးသားထားပါတယ်။

ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိကာ ပြည်သူရဲ့ အပ်နှံငွေတွေ နစ်နာဆုံးရှုံးတာ မရှိစေဖို့ တာဝန်ခံပြီး ဥပဒေနဲ့အညီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအဖြစ် သတ်မှတ်ပြီး စီမံခန့်ခွဲသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

တအာင်းပြည်မှာ DPLF/DPLA ရဲ့ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်တဲ့အခမ်းအနား ပြုလုပ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 10 Views
ဇွန်လ (၂၄)ရက်။ ဇွန်လ (၂၁)ရက်နေ့က တအာင်းပြည်တနေရာမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
1027 Operations

မိုးမိတ်မြို့မှာ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 24 Views
ဇွန်လ (၂၃)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေ
1027 Operations

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 18 Views
ဇွန်လ (၂၁)ရက်။ နောင်ချိုမြို့နယ်ထဲရှိ ကျေးရွာ (၇)ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဟာ နောင်ချိုမြို့ရှိ လက်ပံကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ငလျင်ကြောင့် အပစ်ရပ်ကာလကို တစ်လထပ်တိုးတယ်လို့ ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 30 Views
‌ဇွန်လ (၃)ရက်။ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို အခုဇွန်လကုန်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ ငလျင်ကြောင့် လူသားစာနာမှုဆိုင်ရာ အပစ်ရပ်စဲတာကို ဧပြီလနဲ့ မေလတို့မှာ
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်းတာလို့ TNLA ပြော

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 83 Views
မေလ (၂၃)ရက်။ နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်တာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ် အုမ္မတီး၊ အုမ္မခါး စတဲ့ ကျေးရွာတွေဟာ အခုအခါ စစ်ကောင်စီတပ်နဲ့ TNLA
1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 87 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က အသက် (၈၇)နှစ်အရွယ် KIO ဥက္ကဋ္ဌဟောင်း
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 92 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 75 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး