ချင်းပြည်နယ်၊ ဖလမ်းမြို့ ထင်းရူးစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတစ်ဦး ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ CNDF ရဲ့ အောက်တိုဘာလ (၁)ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖလမ်းမြို့၊ ကလေး-ဖလမ်းကားလမ်းမပေါ်ရှိ ထင်းရူးစခန်းက စစ်ကောင်စီတပ်သား ပြည့်ဖြိုးအောင် (၁၇) နှစ်ဟာ စက်တင်ဘာလ (၂၆) ရက်နေ့က CNDF ထံ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သား ပြည့်ဖြိုးအောင်ဟာ M1 ကျည်ဆံ (၃၄၅)တောင့်၊ လက်ပစ်ဗုံး (၁) လုံး၊ (၄၀) မမဗုံးသီး (၂) လုံးနဲ့အတူ အလင်းဝင်လာခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို CDM ပြုလုပ်ရတာက စစ်အာဏာရှင်စနစ်ကို အလိုမရှိတာအပါအ၀င် အကိုဖြစ်သူဟာလည်း စစ်အုပ်စုကြောင့် ကျဆုံးခဲ့တဲ့အတွက် CNDF ထံ အလင်း၀င်လာတာဖြစ်တယ်လို့ တပ်သား ပြည့်ဖြိုးအောင်က ပြောပါတယ်။
CNDF ထံ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ပြည့်ဖြိုးအောင်ကို အခုအချိန်မှာတော့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။