နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 26 ရက်

1027 Operations

1027 Operations Burma

ရွှေလီကြိုးတံတားက စစ်ကောင်စီရဲကင်းကို TNLA တိုက်ခိုက်သိမ်းပိုက်ခဲ့

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်၊ ခေတ်မျက်လုံး။

နမ့်ခမ်းမြို့နဲ့ မန့်ဝိန်းကြီးကြား ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားက စစ်ကောင်စီရဲကင်းကို ၁၀၂၇ စစ်ဆင်ရေးအနေနဲ့ TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ရွှေလီကြိုးတံတားက စစ်ကောင်စီရဲကင်းကို တအာင်းတပ်မတော် (TNLA) က ဒီကနေ့ နေ့လယ် (၁၁) နာရီ (၅၀) မိနစ်အချိန်မှာ သွားရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ ရွှေလီကြိုးတံတားရဲကင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စခန်းနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ပြောပါတယ်။

ဒီကနေ့ နံနက် (၆)နာရီကလည်း နောင်ချိုမြို့၊ ရွှေညောင်ပင်ရွာနဲ့ အုမ္မတီးရွာကြား စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို TNLA နဲ့ MDY PDF တို့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

အခုအခါ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ သိန္နီနဲ့ ကွမ်းလုံမြို့တွေမှာလည်း စစ်ရှိန်မြင့်တက်နေတယ်လို့ ညီနောင်မဟာမိတ်တွေရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ PDF ရဲဘော်တွေကို TNLA ဖမ်းဆီး၊ လက်နက်ခဲယမ်းတွေအပါအဝင် ကျပ်သိန်း(၁၀၀၀)ကျော်နဲ့ StarLink စက်တွေပါသိမ်းယူခဲ့

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 69 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က ကွတ်ခိုင်မြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ ဝင်နားနေတဲ့ PDF တွေကို TNLA
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီလေကြောင်းကြောင့် (၉)ဦးသေဆုံးပြီး (၁၇)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 33 Views
မတ်လ (၁၇)ရက်။ မနေ့က ညနေ (၅)နာရီခွဲအချိန် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ (၉)ဦးသေဆုံးခဲ့တယ်လို့ TNLA
1027 Operations

နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲ၊ လူထိခိုက်တာတွေ အများအပြားရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 30 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ညနေ (၅)နာရီခွဲအချိန်က နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက စာသင်တိုက်ကို စကစက ဂျက်ဖိုက်တာနဲ့ ဗုံး (၄)လုံး
1027 Operations မြန်မာသတင်း

KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေကို လိုအပ်ရင် ကူညီဖို့အသင့်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 38 Views
မတ်လ (၁၄)ရက်။ ရှမ်းမြောက်ဒေသမှာ KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေနဲ့ပတ်သက်ပြီး လိုအပ်ရင် ကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KIA နဲ့ TNLA တို့ဟာ
1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းဖို့ ညီနောင်အဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 42 Views
မတ်လ (၁၁)ရက်။ ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းအားထုတ်ဖို့ TNLA နဲ့ AA တို့က ဒီကနေ့မှာကျရောက်တဲ့ MNDAA တည်ထောင်တဲ့ (၃၆)နှစ်မြောက်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ MNDAA အနေနဲ့ ကိုးကန့်ပြည်သူတွေ၊
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ ရွှေလုပ်ကွက်ကို ဆန့်ကျင်တဲ့ ဒေသခံတွေကို ကိုးကန့်တပ်က သေနတ်နဲ့ပစ်၊ (၅)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 6 ရက်
  • 34 Views
မတ်လ (၆)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခန့်က ကွတ်ခိုင်မြို့ မုံးစီးရွာအုပ်စုရှိ ပြိန်းခမ်းရွာအနီးက ရွှေလုပ်ကွက်ကို ဒေသခံတွေက ကန့်ကွက်ခဲ့ရာ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေံက သိရပါတယ်။ “ ပြိန်းခမ်းရွာနားက ရွှေလုပ်ကွက်မှာ ရွှေတူးနေတဲ့ တရုတ်တွေကို
1027 Operations မြန်မာသတင်း

တလထဲ TNLA နယ်မြေမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 2 ရက်
  • 37 Views
‌မတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ TNLA အုပ်ချုပ်တဲ့ နယ်မြေမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦး သေဆုံးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA အုပ်ချုပ်တဲ့ နယ်မြေတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က
1027 Operations မြန်မာသတင်း

KIA နဲ့ နယ်မြေအငြင်းပွားတဲ့ မန်တုံမှာ TNLA က လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 1 ရက်
  • 48 Views
ဆက်ဆံရေးတင်းမာ‌တာတွေ မကြီးထွားစေဖို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ TNLA စစ်ဦးစီးချုပ်ပြော မတ်လ (၁)ရက်။ မနေ့က မန်တုံမြို့ကို TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်က သွားရောက်ခဲ့ပြီး လူထုတွေ့ဆုံပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA