နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီပဲယင်းမှာ စစ်တပ်က လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်၊ ဒေသခံများ ‌ဘေးလွတ်ရာ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ရွာ‌တွေကို စစ်ကောင်စီတပ်က ဧပြီ (၂) ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထောင်နဲ့ချီ ‌ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက် နဲ့ ဧပြီလ ၁ ရက် တို့မှာလည်း လေကြောင်းနဲ့ ကျေးရွာတွေကို ပစ်ခတ်တာတွေ ရှိပြီး နေအိမ်တွေကိုမီးရှို့တာတွေ ရှိခဲ့တယ်လို့ ‌ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ စစ်ကောင်စီနဲ့ ဒေဿကာကွယ်ရေး အဖွဲ့တွေကြား ဒီကနေ့ ဧပြီ(၂) ရက်မနက်ပိုင်းမှာ ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့ပါသေးတယ်။

မန်ကျည်းစောက် ၊အေးသာယာ ၊ ကျည် ဘုရားထွက် စတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းဝင်ရောက်နေပြီး လေကြောင်း နဲ့ပါ ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် ‌ဒေသခံတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ အခုရက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့်လည်း သက်ကြီးရွယ်အို နဲ့ ကလေးသူငယ်တွေအတွက် အတော်ဒုက္ခရောက်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လေကြောင်းပစ်ခတ်မှုတွေအတွင်း ထိခိုက်သေဆုံးမှုတွေကိုတော့ လက်ရှိမှာအတိအကျမသိရှိရသေးပါဘူး။ အဲဒီ ဒီပဲယင်းကို အခု ဝင်ရောက်နေတဲ့ စစ်ကြောင်းဟာ မတ်လအတွင်းက ဘုတလင်မြို့နယ်ထဲကို ဝင်ရောက်ပြီး ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အို (၇) ဦးထက်မနည်း သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ဒေသကာကွယ်ရေး အဖွဲ့တွေထံက သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချောက်မြို့မှာ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 4 Views
ဇူလိုင်လ (၂၆)ရက်။ ဒီကနေ့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်က ချောက်မြို့နယ်၊ ကိုးဆူကျေးရွာရှိ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးလင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အာဠာ၀က
မြန်မာသတင်း

ပြည်သူတွေ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကင်းစေဖို့ MDY-PDF က ရှင်းလင်းပြောဆိုတာတွေပြုလုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 9 Views
ဇူလိုင်လ (၂၆)ရက်။ ပြည်သူတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တဲ့ အန္တရာယ်ကင်းရှင်းဖို့ MDY-PDF ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနက ရှင်းလင်းပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

လားရှိုးတိုက်ပွဲထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား (၃၈)ဦးသေဆုံးပြီး (၄၈)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 5 Views
ဇူလိုင်လ (၂၆)ရက်။ တိုက်ပွဲတစ်လတာကာလထဲ လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား (၃၈)ဦးသေဆုံးပြီး (၄၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက အရပ်သားတွေရှိရာဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာတို့ကြောင့် အရပ်သားနေအိမ် (၉)လုံးထက်မနည်း
မြန်မာသတင်း

ဒုတိယအကြိမ် တက္ကသိုလ်၀င်ခွင့် လျှောက်ထားတဲ့ကာလ NUG ရက်ထပ်မံတိုးမြှင့်

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 4 Views
ဇူလိုင်လ (၂၆)ရက်။ ကြားကာလတက္ကသိုလ်တွေရဲ့ ဒုတိယအကြိမ် တက္ကသိုလ်၀င်ခွင့် လျှောက်ထားတဲ့ကာလကို NUG ပညာရေး၀န်ကြီးဌာနက ရက်ထပ်မံတိုးမြှင့်လိုက်တယ်လို့ ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကြားကာလတက္ကသိုလ်တွေရဲ့ ဒုတိယအကြိမ် တက္ကသိုလ်၀င်ခွင့် လျှောက်ထားတဲ့ကာလကို အရင်က ဇွန်လ
မြန်မာသတင်း

စစ်ကောင်စီက ၀န်ထမ်းတွေနဲ့ အငြိမ်းစား၀န်ထမ်းတွေကို အပိုထောက်ပံ့ကြေးအနေနဲ့ (၃၀၀၀၀)ကျပ်တိုးမြှင့်ပေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 5 Views
ဇူလိုင်လ (၂၆)ရက်။ ၀န်ထမ်းတွေနဲ့ အငြိမ်းစား၀န်ထမ်းတွေကို ထောက်ပံ့ကြေးအနေနဲ့ (၃၀၀၀၀)ကျပ် တိုးမြှင့်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံ/ဘဏ္ဍာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ၀န်ထမ်းတွေ စား၀တ်နေရေးနဲ့ သက်သာချောင်ချိဖို့ကို အထောက်အကူဖြစ်စေဖို့အတွက် လစာနှုန်းထားတိုးမြှင့်တာနဲ့ အပိုထောက်ပံ့ကြေးတွေကို ပေးနေတာလို့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲရေကာတာရေတံခါးကို စစ်ကောင်စီက အဆင်အခြင်မဲ့စွာ ဖွင့်ချတာကြောင့် ဘီလူးချောင်းရေ (၈)ပေအထိမြင့်တက်၊ အနိမ့်ပိုင်းနေသူတွေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ သတိပေးထား

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 9 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က နံနက်အစောပိုင်းမှာ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၄၂၂)တပ်က မိုးဗြဲရေကာတာရေတံခါးကို အဆင်အခြင်မဲ့စွာ ဖွင့်ချတာကြောင့် ဘီလူးချောင်းရေ (၈)ပေအထိ မြင့်တက်ခဲ့တယ်လို့ ကရင်နီ-IEC ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုးဗြဲရေကာတာရေတံခါးကို စစ်ကောင်စီက
မြန်မာသတင်း

နေပြည်တော်မှာ ဘင်းမ်စတက်လုံခြုံရေးအကြီးအကဲတွေအပါအ၀င် အတွင်းရေးမှူးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 7 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က နေပြည်တော်မှာ ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲတွေအပါအ၀င် အတွင်းရေးမှူးချုပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ စစ်အာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ ဘင်းမ်စတက်အဖွဲ့၀င်နိုင်ငံတွေအကြား စီးပွားရေးနဲ့ တည်ငြိမ်အေးချမ်းဖို့အပါအ၀င် လူမှုရေးဆိုင်ရာလိုအပ်ချက်တွေနဲ့
မြန်မာသတင်း

NUG ၀န်ကြီး ဦးရည်မွန်ရဲ့ ဆွေမျိုးတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဓါတ်ပုံတွေနဲ့ စစ်လော်ဘီတွေ မဟုတ်မမှန် ဝါဒဖြန့်နေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 12 Views
ဇူလိုင်လ (၂၆)ရက်။ NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်ရဲ့ ဆွေမျိုး (၇)ဦးကို သတ်ဖြတ်တယ်ဆိုပြီး စစ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ မနေ့ညပိုင်းအချိန်ကစပြီး ဝါဒဖြန့်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ စစ်လော်ဘီတွေအသုံးပြုတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အမျိုးသား (၇)ဦးကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ကာ သတ်ဖြတ်ထားတဲ့