နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ အပါအဝင် ယူကရိန်းသို့ ခဲယမ်းများ တင်ပို့မှု အချို့ကို အမေရိကန်က ခေတ္တ ရပ်ဆိုင်းထားလိုက်ခြင်း။

CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂ ရက်

စစ်ရေးအသုံးစရိတ်နှင့် ပြည်ပနိုင်ငံများသို့ အမေရိကန်၏ ပံ့ပိုးကူညီမှုများကို ပြန်လည် သုံးသပ်ပြီးနောက် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ အပါအဝင် ယူကရိန်းသို့ လက်နက်တင်ပို့မှုအချို့ကို ခေတ္တရပ်ဆိုင်းထားကြောင်း အိမ်ဖြူတော်မှ အကြီးတန်း အရာရှိ တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက် (Pete Hegseth) သည် လပေါင်းများစွာ လုပ်ဆောင် နေသော တရားဝင်မှတ်ချက်ပေးထားသည့် သုံးသပ်မှုအပေါ် လက်မှတ်ရေးထိုးခဲ့သည်။ တခြားနိုင်ငံတွေဆီ ပေးအပ်တဲ့ စစ်ရေးအကူအညီတွေအပေါ်မှာလဲ သက်ရောက်မှု ရှိမလားဆိုသည်ကို ချက်ချင်း မသိရသေးပါ။

အိမ်ဖြူတော် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက ဆုံးဖြတ်ချက်သည် အမေရိကန်၏ အကျိုးစီးပွားကို ရှေးဦးထားပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်တွင် လက်နက်အလုံအလောက် မရှိတာကြောင့် ဟုဆိုသည့် မည်သည့် အထောက်အထားကိုမျှ မပြဘဲ ဆုံးဖြတ်ချက်ချခဲ့ခြင်းကို  ရုရှားက ကြိုဆိုလိုက်သည်။

“ဒီဆုံးဖြတ်ချက်အတွက်ကျွန်တော်တို့နားလည်းတာက၊ ဂိုဒေါင်တွေမှာ ဒီလက်နက် တွေ မရှိလို့ပါပဲ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်၊ ယူကရိန်းကို လက်နက်နည်းနည်းလောက်ပဲ ပေးနိုင်တယ်၊ ဒါကြောင့်ငါတို့ရဲ့ အထူးစစ်ရေး စစ်ဆင်ရေးရဲ့ နိဂုံးက ပိုနီးလေလေ” ဟု ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကောဗ် က သတင်းထောက်များအား ဖုန်းခေါ်ဆိုမှုတွင် ကရင်မလင်၏အမည် ကို အသုံးပြုကာ ရုရှားက ယူကရိန်းစစ်ပွဲကို မလှုံဆော်ခဲ့ကြောင်းပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသို့ လက်နက်လွှဲပြောင်းမှုအချို့ကို ရပ်ဆိုင်းလိုက်ခြင်းသည် သမ္မတ ဗလိုဒီမာ ဇလန်းစကီး က ရုရှား လေကြောင်းမှ တိုက်ခိုက်မှုများ ပြင်းထန်လာပြီးနောက် ၎င်း၏ ဝေဟင်ကာကွယ်ရေးကို အားကောင်းစေရန် အနောက်မဟာမိတ်များအား လေကြောင်း ကာကွယ်ရေးကို အင်အားဖြည့်တင်းပေးရန် ပန်ကြားပြီးနောက် ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။

ရုရှားသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရာနှင့်ချီသော ဒရုန်းများနှင့် ဒုံးကျည်များ ပါဝင်သည့် ယူကရိန်းကို ညစဉ်ညတိုင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ရုရှားလေကြောင်းမှ ချေမှုန်းစဉ်အတွင်း ယူကရိန်း၏ ဂျက် F-16 တိုက်လေယာဉ် ပျက်ကျပြီး နောက် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းစစ်တပ်က တနင်္ဂနွေနေ့တွင် ပြောကြား ခဲ့သည်။

တိုက်ခိုက်မှုအပြီးတွင် ဇလန်းစကီးက ယူကရိန်းသည် ၎င်း၏ လေကြောင်းရန် ကာကွယ်ရေး ကို အားကောင်းစေရန် “အမေရိကန်စနစ်များ” ကို ဝယ်ယူရန် အသင့်ရှိကြောင်း ဆိုရှယ် မီဒီယာ တွင် ပြောကြားခဲ့သည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက “သဘောတူထားတဲ့ ကာကွယ်ရေးအကူအညီအတွက် ပေးပို့မှုအစီအစဉ်တွေကို ဆိုင်းငံ့ထားဖို့ ဒါမှမဟုတ် ပြန်လည်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး တရားဝင် အကြောင်းကြားချက်တစ်စုံတစ်ရာ မရရှိသေးဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြား ခဲ့ပါတယ်။

သို့သော် အမေရိကန်၏ လက်နက်များသည် နိုင်ငံကာကွယ်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု ကိ့ဗ် မှ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် အလေးပေး ပြောကြားခဲ့သည်။

“အထူးသဖြင့် ယူကရိန်းအရပ်သားတွေကို ကြီးမားတဲ့ အတိုင်းအတာတစ်ခုအထိ ရှင်းရှင်းလင်းလင်း ကာကွယ်ပေးနေတဲ့ ပက်ထရော့(Patriot) စနစ်တွေမှာ ဒုံးကျည်တွေ ထောက်ပံ့ပေးတာကို ရပ်တန့်တာက အလွန်ထူးဆန်းပြီး လူသားမဆန်ပုံပေါ်ပါတယ်” ဟု ယူကရိန်းသမ္မတရုံးအကြံပေး မိုင်ခေးလို ပိုဒိုယက် (Mykhailo Podolyak) က ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ရုရှားက ၎င်း၏ အပြည့်အ၀ကျူးကျော်ကျူးကျော်မှုကို စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းအား စစ်ရေးအကူအညီပေးသည့် တစ်ခုတည်းသော အလှူရှင် ဖြစ်လာပြီး ယူကရိန်းအား လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ဒရုန်းများ၊ ဒုံးပစ် လောင်ချာများ၊ ရေဒါများ၊ တင့်ကားများကိုပေးအပ်ခဲ့သည် အမေရိကန် လက်နက်အစုအပုံ များ လျော့နည်း လာခြင်းသည်စိုးရိမ်စရာအခြေအနေဖြစ်သည်။

သို့သော် ထရန့် အာဏာရလာချိန်မှစ၍ ယူကရိန်းသို့ အကူအညီပေးရေးချိန်ခွင်လျှာသည် သိသိသာသာပြောင်းလဲသွားပြီး Kyiv အတွက် အနာဂတ်တွင်အမေရိကန်၏ထောက်ပံ့မှု အပေါ် သံသယ ဖြစ်စေခဲ့သည်။

ဧပြီလတွင် ဥရောပသည် ယူကရိန်းအတွက် စုစုပေါင်း စစ်ဘက်ဆိုင်ရာ ထောက်ပံ့ကူညီမှုတွင် အမေရိကန်ကို ကျော်လွန်ကာ ၎င်း၏ ထောက်ပံ့ငွေ ယူရို ၇၂ ဘီလီယံ (ဒေါ်လာ ၈၄.၉ ဘီလီယံ) နှင့် ညီမျှပြီး ယူကရိန်းကို စစ်အတွင်း အကူအညီများ ပေးခဲ့ကြောင်း ဂျာမနီနိုင်ငံ Kiel Institute for the World Economy ၏ အချက်အလက်များအရ သိရသည်။

မတ်လတွင် ဇလန်းစကီး နှင့် ပြင်းထန်သော ဘဲဥပုံရုံးခန်း အငြင်းပွားမှုအပြီးတွင် ထရန့်သည် ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာအကူအညီများ တင်ပို့မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီးနောက် ယခုကဲ့သို့ အပြောင်းအလဲဖြစ်လာခြင်းဖြစ်သည်။ တစ်ပတ်ခန့်အကြာတွင် ထရမ့်သည် ယူကရိန်းသို့ အကူအညီများ ပြန်လည်ပေးခဲ့သည်။

ပြီးခဲ့သည့်အပတ်က ဟိတ် (The Hague) တွင်ပြုလုပ်သော နေတိုးထိပ်သီး အစည်းအဝေး အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ကိ့ဗ် မှ အနာဂတ် Patriot ဒုံးကျည်စနစ်အား အမေရိကန်မှ ပို့ဆောင်ခြင်းအား မြင်တွေ့နိုင်သည်ဟု အကြံပြုပြောကြားခဲ့ပြီး ကိ့ဗ် သို့ အမေရိကန် အကူအညီများ စီးဆင်းမှုနှင့်ပတ်သက်၍ အပြုသဘောဆောင်သော ၎င်း၏တွေးခေါ်ပုံမှာ အပြောင်းအလဲ ဖြစ်နိုင် ကြောင်း အချက်ပြခဲ့သည်။

Patriots များကို အထူးသဖြင့် အဆင့်မြင့် အသံထက်မြန်သော အသံနှင့် ပဲ့ထိန်းဒုံးကျည်များကို ကာကွယ်ရာတွင် အကောင်းဆုံးသော လေကြောင်းရန် ကာကွယ်ရေးစနစ်များထဲတွင် တခုအဖြစ်ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည်။

ယူကရိန်းတွင် အကြမ်းဖျင်းအားဖြင့် အမေရိကန်လုပ် Patriot လေကြောင်းရန် ကာကွယ်ရေး စနစ် ဒါဇင်တစ်ဝက်ခန့်ရှိပြီး ယင်း၏လေကြောင်းရန်ကာကွယ်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကာ သန်းနှင့်ချီသောအရပ်သားများကို ရုရှားဒုံးကျည်များမှ ကာကွယ် ပေးထားသည်။

သို့သော် ကိ့ဗ် သည် အဆိုပါစနစ်များအတွက် ဒုံးကျည်များ ရရှိနိုင်မှု ကုန်ခမ်းသွားနိုင်ခြေရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက