၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ခေတ်မျက်လုံး။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်ကောင်စီတပ်ရဲ့ မင်းရွာရဲကင်းစခန်းကို ဒီကနေ့ နိုဝင်ဘာလ (၃)ရက် နံနက် (၉) နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ABSDF ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဂန့်ဂေါနယ်ရှိ မင်းရွာရဲကင်းစခန်းကို ABSDF စစ်ကြောင်း အမှတ်(၃)နဲ့ ဒေသခံ ခရိုင်တပ်ရင်းတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးနေပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀) ဦးဝန်းကျင် သေဆုံးတာတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။