၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ခေတ်မျက်လုံး။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၃၇,၄၀၀ ကျော်အထိ ရှိလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA – Myanmar) က မနေ့ကထုတ်ပြန်ပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာဆိုရင် ဒီနေ့မှာ ၈ရက်မြောက်ရှိလာနေပြီဖြစ်ပြီး လားရှိုး၊ နောင်ချို၊ကွတ်ခိုင်စတဲ့ မြို့နယ်၉ခုမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
တရုတ်နိုင်ငံကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေဟာလည်း လက်ရှိမှာ လုံးဝရပ်တန့်သွားပြီး ခရီးသည်ယာဉ်တွေ သွားလာခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။
UNOCHA ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁.၇ သန်းနီးပါးရှိနေပြီး အာဏာမသိမ်းခင်က အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာသူ နှစ်သန်းနီးပါး ရှိလာတာဖြစ်ပါတယ်။