နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

1027 Operations

1027 Operations Civil War စစ်ရေးသတင်း

(၅) ရက်အတွင်း ထီးချိုင့်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၀၀)ကျော်အထိသေဆုံးခဲ့တယ်လို့ ထီးချိုင့် PDF ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။

ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၅)ရက်အတွင်း အပြစ်မဲ့ပြည်သူ (၁၀၀) ကျော်အထိ သေဆုံးခဲ့တယ်လို့ ထီးချိုင့်-PDF ရဲ့ မနေ့က မြို့ပေါ်သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

“လေယာဉ်ဗုံးစတွေကြောင့် အိမ်ထဲပုန်းနေကြရတဲ့ ပြည်သူအများစုဟာ ဆိုးဝါးစွာ သေဆုံးခဲ့ရပြီး လမ်းမတွေအပေါ်မှာ လူသေလောင်းတွေ ပြန့်ကျဲနေတယ်။ အဲ့ဒီထဲမှာ ရဟန်းသံဃာတွေ၊ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစကလေးတွေနဲ့ အမျိုးသမီးတွေ ထက်ဝက်ခန့်ပါတယ်”လို့ ထီးချိုင့်-PDF က ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်အပေါ် လူမဆန်စွာ လေကြောင်းသုံးတိုက်ခိုက်တာတွေကြောင့် လူဦးရေ (၃၀၀၀၀) ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ကုန်းကြောင်းတိုက်ရင် မနိုင်တော့တာကို သိတဲ့အတွက် နို၀င်ဘာလ (၈) ရက်ကစပြီး နို၀င်ဘာ(၁၃)ရက်နေ့ ညနေပိုင်းအထိ တစ်ရက်ကို ပျမ်းမျှ (၈) ကြိမ်အထက်နဲ့ စုစုပေါင်း အကြိမ် (၄၀) ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက Thermobaric bomb တွေ၊ ပေါက်ကွဲအားပြင်းတဲ့ ရုရှားလုပ် KAB-500 Bombs တွေနဲ့ YAK-130 အမျိုးအစား fighter crafts တွေ အပြင် အခြားသော Mi-35P attack helicopters တွေ အသုံးပြုကာ မြို့တွင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အခုချိန်အထိ သရက်မှော်၊ နော်အောင်ဗန္ဓုလ၊ လက္ခုပ်ပင်၊ စံပြ၊ မြို့မစျေး၊ တရုတ်တန်း၊ နဝဒေး၊ ဝိသာခါ၊ အရှေ့ရပ်၊ သိုက်ကုန်း၊ဥယျာဉ်ကုန်း၊ ကမ်နားနဲ့ ကြက်သွန်ခင်းမှာ လုံးဝပျက်စီးသွားပြီး အမှတ်(၄)၊ စျေးကုန်းနဲ့ ကျန်ရှိနေတဲ့ မြို့ပေါ် ကအိမ်တွေကို စစ်ကောင်စီက Vacuum bombs တွေအသုံးပြုပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

သေဒဏ်အထိချမှတ်နိုင်တဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 77 Views
ဇွန်လ (၁၉)ရက်။ မူးယစ်ဆေးဝါးကင်းစင်တဲ့ ဒေသဖြစ်စေဖို့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု‌နဲ့ ပြစ်ဒဏ်တွေကို ကိုးကန့်တပ်(MNDAA)က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
1027 Operations

စစ်ကော်မရှင်ငြိမ်းချမ်းရေးအဖွဲ့ မိုင်းလားမှာ NDAA ကို သွားတွေ့

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 81 Views
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ နိုင်ငံရေးရည်မှန်းချက်ကို ဆုပ်ကိုင်ထားတယ်လို့ NDAA ပြော ဇွန်လ (၁၉)ရက်။ ဇွန်လ (၁၇)ရက်နေ့က မိုင်းလားဒေသမှာ ရာပြည့် ဦးဆောင်တဲ့
1027 Operations

မဟာမိတ်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 201 Views
TNLA ဟာ ပြဿနာကို မဖြေရှင်းလိုတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူရမယ်လို ကိုးကန့်တပ်ပြော မတ်လ (၁၄)ရက်။ မဟာမိတ်တိုင်းရင်းသားညီနောင်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိင်းပြီး အဖြေရှာသွားမယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကွတ်ခိုင်မြိုမှာ
1027 Operations

TNLA နဲ့ MNDAA တို့အကြား အငြင်းပွားတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 1.33K Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့ မြေပြင်မှာ နှစ်ဖက်တင်းမာတာတွေ ဖြစ်ပွားခဲ့တာ တပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့များကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတင်းမာတာတွေ ဖြစ်ပွားတဲ့ကာလထဲ အပြန်အလှန် ရိုက်နှက်တာကြောင့် နှစ်ဖက်
1027 Operations

တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း (၅၀၀)ဦးကို MNDAA ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 338 Views
ဇန်နဝါရီလ (၂၆)ရက်။ တိုက်ပွဲထဲ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း (၅၀၀)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေကို လူသားစာနာမှုအနေနဲ့ တရုတ်ပြက္ခဒိန်အရ မနေ့က တာကျောင်မဟာပူဇော်ပွဲ (၇)ရက်မြောက်နေ့ အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲ အခမ်းအနားမှာ
စစ်ရေးသတင်း တောင်ကိုရီးယား နိုင်ငံတကာသတင်း အမေရိကန်

ပစိဖိတ်သမုဒ္ဒရာတွင် အမေရိကန် ရေငုပ်သင်္ဘောများ အရေအတွက် အသာစီးမရတော့ခြင်းကြောင့် တောင်ကိုရီးယားက ကူညီနိုင်မည့် အစီအစဉ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 261 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ဆိုးလ်၊ တောင်ကိုရီးယား — တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့အဆင့်မြင့် ရေအောက် ရေတပ်အင်အားကြီးနိုင်ငံများစာရင်းတွင် ပါဝင်ရန် ဆန္ဒရှိနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှလည်း ထိုသို့လုပ်ဆောင်ရန် ခွင့်ပြုချက် ရရှိထားပြီဖြစ်သည်။ တောင်ကိုရီးယားသည် အမေရိကန်၊
1027 Operations

“ဝ”အနေနဲ့ ဘယ်လိုလက်နက်နဲ့ ကိရိယာကိုမှ ပံ့ပိုးတော့မှာမဟုတ်ဘူးဆိုပြီး MNDAA၊ TNLA၊ SSPP တို့နဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 352 Views
ဩဂုတ်လ (၂၁)ရက်။ UWSA အနေနဲ့ MNDAA၊ TNLA နဲ့ SSPP စတဲ့ လက်နက်ကိုင်(၃)ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ပန်ဆန်းမြို့မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို MNDAA၊ TNLA နဲ့
1027 Operations

တအာင်းပြည်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၂၇)ဦးသေဆုံးပြီး (၈၂)ဦးထိခိုက်ခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 2.01K Views
ဩဂုတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲ တအာင်းဒေသရှိ မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ကြဲချပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတလတာထဲ