နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 12 ရက်

Civil War

Civil War ကရင်ပြည်နယ်

စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကားနဲ့ သံချပ်ကာကားတွေကို ဖျက်ဆီးခဲ့တယ်လို့ KNU ထုတ်ပြန်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်။

မုန်းမြို့နယ်၊ နတ်သံကွင်းမြို့ကို ပဲနွယ်ကုန်းမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကား(၂)စီးနဲ့ သံချပ်ကာကား(၁)စီးကို KNLA ပူးပေါင်းတပ်တွေက ဖျက်ဆီးခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇန်နဝါရီလ (၄)ရက်နေ့ နံနက် (၃)နာရီ၊ (၅)ရက်နေ့ ည(၉)နာရီနဲ့ (၆)ရက်နေ့ နံနက် (၁၁)နာရီခွဲတို့မှာ တင့်ဖျက်မိုင်း (၃)လုံးနဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကားနဲ့ သံချပ်ကာကားပါတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဘက်က တင့်ကားတစ်စီးဟာ မိုင်းပေါက်ကွဲတာကြောင့် ပက်လက်လှန်သွားသလို သံချပ်ကာကားရဲ့ ရှေ့ပိုင်းတစ်ပိုင်းလုံး ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီပျက်စီးသွားတဲ့ နှစ်စီးစလုံးကို ပဲနွယ်ကုန်းမြို့ထဲ ကရိန်းကားတွေနဲ့ ဆွဲသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မြို့ခံတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး KNU က ပြောဆိုထားပါတယ်။

ဒါ့ပြင် နတ်သံကွင်းမြို့အနီးရှိ ညောင်ဝိုင်းကျေးရွာအနီးမှာလည်း တင့်ကားပျက်(၁)စီး ရောက်ရှိနေခဲ့တယ်လို့ ဒေသခံတွေဆီက သိရှိရတာကို ထည့်သွင်းရေးသားထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ ခရိုင်(၇)ခုထဲ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ဖျက်နေပေမယ့် သတင်းတွေကို အချိန်နဲ့တစ်ပြေးညီမထုတ်ပြန်တာကိုလည်း အသိပေးထားပါတယ်။

KNLA နဲ့ KNDO တို့ဟာ ကရင်အမျိုးသားတွေရဲ့ လွတ်မြောက်ရေးအတွက်သာမက ဘဝတူဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံးပပျောက်ဖို့အတွက် ရှေ့ဆုံးကနေ ဦးဆောင်တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကရင်ပြည်နယ် မြန်မာသတင်း

ခလရ(၂၇၅)က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမှတ်(၂)တံတားမှာ ပုန်းရှောင်နေတယ်လို့ KNU ထပ်မံထုတ်ပြန်

  • 2024 ခုနှစ်၊ ဧပြီလ 11 ရက်
  • 535 Views
ဧပြီလ (၁၁)ရက်။ KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ခလရ(၂၇၅)စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမှတ်(၂)တံတားမှာ ပုန်းရှောင်နေတယ်လို့ KNU ရဲ့
ကရင်ပြည်နယ် မြန်မာသတင်း

စစ်ကောင်စီရဲ့ ခမရ(၃၅၅)စခန်းကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ မတ်လ 13 ရက်
  • 661 Views
မတ်လ (၁၃)ရက်။ မြဝတီမြို့နယ်ရှိ စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင်အခြေစိုက် ခမရ(၃၅၅)စခန်းကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNLA ဗဟိုဌာနချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် စကခ(၁၂)လက်အောက်ခံ ခမရ(၃၅၅)စခန်းကို မတ်လ (၇)ရက်နေ့ နံနက်(၁၀)နာရီ
Burma Civil War စစ်ရေးသတင်း

ရွှေကျင်မြိုနယ်၊ ကျားချောင်းရွာအနီးရှိ တောင်ခြေရင်းစခန်းတစ်ခုကို KNLA, BPLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 702 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပါဝင်တဲ့
1027 Operations Civil War စစ်ရေးသတင်း

(၅) ရက်အတွင်း ထီးချိုင့်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၀၀)ကျော်အထိသေဆုံးခဲ့တယ်လို့ ထီးချိုင့် PDF ထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 504 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။ ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၅)ရက်အတွင်း အပြစ်မဲ့ပြည်သူ (၁၀၀) ကျော်အထိ သေဆုံးခဲ့တယ်လို့ ထီးချိုင့်-PDF ရဲ့ မနေ့က မြို့ပေါ်သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “လေယာဉ်ဗုံးစတွေကြောင့်
Civil War စစ်ရေးသတင်း

ယောကာကွယ်ရေးတပ် အပတ်စဉ် (၁၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 629 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ခေတ်မျက်လုံး။ မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် -YDF က ပြုလုပ်သည့် အပတ်စဥ် (၁၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ YDF က သတင်းထုတ်ပြန်ထားပါတယ်။
1027 Operations Burma Civil War

ညီနောင် (၃) ဖွဲ့ရဲ့ သတင်းပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 600 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ တရားဝင်သတင်းနဲ့ ပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရတယ်လို့ ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။ ညီနောင် (၃) ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုသည်မှာ သတင်းအမှားသာဖြစ်တယ်လို့ ထီးချိုင့်မြို့ပြည်သူ့ကာကွယ်ရေး သတင်းထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 684 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုတာ သတင်းအမှားသာ ဖြစ်တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ထီးချိုင့်မြို့ပေါ်အား တိုက်လေယာဉ်နဲ့