နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီပဲယင်းမြို့နယ် ယင်းတွေရွာကို စစ်အုပ်စုက တတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီး ၊ ဒေသခံများ တိမ်းရှောင်နေရ

ဒီပဲယင်းမြို့နယ်က ယင်းတွေကျေးရွာကို စစ်ကောင်စီတပ်တွေက ယနေ့ ဒီဇင်ဘာ (၃) ရက်မနက်ပိုင်းမှာ တတိယအကြိမ် မီးရှို့ခဲ့ကြောင်း ဒေသခံများထံကသိရသည်။ ယနေ့မနက်ပိုင်းတွင် နဘဲလှ ကျေးရွာက ထွက်လာသည့် စစ်ကောင်စီတပ် သည် ယင်းတွေ ကျေးရွာသို့ရောက်ရှိလာပြီး ဒေသခံများ နေအိမ်ကို တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

Photo – CJ – မီးလောင်ဆုံးရှုံးခဲ့ရသည့် ယင်းတွေရွာမြင်ကွင်းများ။


ထို့သို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ဒေသခံ အိမ် (၂) လုံး မီးလောင် ဆုံးရှုံးခဲ့ရသည်။ ယခုတစ်ကြိမ်မီးရှို့ခြင်းသည် မည်သည့်အကြောင်းရင်းမှ မရှိဘဲ လာရောက်မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောကြားကြသည်။ ယင်းတွေရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိသည့် ကျေးရွာဖြစ်ပြီး ယခုတစ်ခါ မီးရှို့မှုနှင့်ဆိုလျှင် အိမ်ခြေ ၆၆ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

Photo – CJ – မီးလောင်ဆုံးရှုံးခဲ့ရသည့် ယင်းတွေရွာမြင်ကွင်းများ။

၂၀၂၂ ခုနှစ် ဧပြီလာကလည်း ယင်းတွေရွာကို စစ်ကောင်စီတပ်များက မီးရှို့ခဲ့ရာ အိမ်ခြေ (၁၄) လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၃၀) ရက်ကလည်း ဒုတိယအကြိမ် မီးရှို့ရာ အိမ်ခြေ (၅၀) ဝန်းကျင် ထပ်မံမီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်ထားသည်။ စစ်အုပ်စု မီးရှို့မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်​ ဒေသခံများသည် ရွာအတွင်းမဝင်ရဲသေးဘဲ ဆက်လက်တိမ်းရှောင်နေကြရဆဲဖြစ်သည်။

Photo – CJ – မီးလောင်ဆုံးရှုံးခဲ့ရသည့် ယင်းတွေရွာမြင်ကွင်းများ။

ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်များအရ စစ်အုပ်စု မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်းမြို့နယ်ထဲရှိ နေအိမ် ၄၅၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ ထို့ အပြင် ၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများကြောင့် စစ်ကိုင်းတိုင်းရှိနေအိမ် ၃၁,၄၀၀ လုံး မီးလောင်ဆုံးရှုံး ခဲ့ရကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားချက်အရသိရသည်။

MoeZ/ Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီကနေ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမြင်ကွင်းများ(သတင်းဓါတ်ပုံ)

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က အသံတိတ်သပိတ်လှုပ်ရှားမှု မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။ “ ဒီနေ့ အသံတိတ်သပိတ်ရှိတော့
မြန်မာသတင်း

ရေစကြိုမှာ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ မြို့နယ်ပအဖ သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 22 Views
ဒီဇင်ဘာလ (၁၀)ရက်။ ရေစကြိုမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။ အခုအခါ
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်တွေက KNU ဌာနချုပ် တပ်မဟာ(၇)နယ်မြေ ကလို့ယော်လေးကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၂)နာရီလောက်ကစပြီး KNU ဌာနချုပ် တပ်မဟာ(၇)
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲက ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်တယ်လို့ ဩစတြေးလျအစိုးရထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 25 Views
ဒီဇင်ဘာလ (၁၀)ရက်။ သက်ဆိုင်သူအားလုံးမပါဝင်နိုင်တဲ့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲက ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်တယ်လို့ ဒီကနေ့ ဩစတြေးလျအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ဩစတြေးလျအစိုးရအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း အစစ်အမှန်ဖြစ်ဖို့ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မတရားဖမ်း‌ဆီးထားသူအားလုံးကို
မြန်မာသတင်း

ဒေါက်တာတေဇာဆန်းအပါ (၁၀)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ စစ်တပ် အမှုဖွင့်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 15 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒေါက်တာတေဇာဆန်းအပါအဝင် (၁၀)ဦးကို ရွေးကောက်ပွဲကိုကာကွယ်တဲ့ဥပဒေပုဒ်မ ၂၃(ခ)နဲ့ စစ်တပ်က အမှုဖွင့်ထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က အမှုဖွင့်ထားသူတွေဟာ ဒေါက်တာတေဇာဆန်း၊ ကိုခန့်ဝေဖြိုး၊ ကိုနန်းလင်း၊ ထက်မြတ်အောင်၊ မေချီ(ခ)ချီချီနဲ့ မရွှန်း(ခ)ရွှန်းရွှန်းအပြင် စိစစ်ဆဲ
မြန်မာသတင်း

ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 32 Views
ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ ဒီဇင်ဘာလ (၉)ရက်။ ဒီဇင်ဘာလ (၇)ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ရဲ့ အထင်ကရ လူစည်ကားရာနေရာဖြစ်တဲ့ လှည်းတန်းဈေးအနီးမှာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်
မြန်မာသတင်း

သစ်တောဝန်ထမ်းတွေ လုပ်ကြံသတ်ဖြတ်ခံရတာ‌တို့ကြောင့် သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ သယံဇာတဝန်ကြီးဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 26 Views
ဒီဇင်ဘာလ (၉)ရက်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍရဲ့ သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးဌာနအနေနဲ့ NUG စိုးမိုးနယ်မြေထဲ သယံဇာတတွေ ရေရှည်တည်တံ့စေဖို့၊ လူမှုစီးပွားအခြေခံလိုအပ်ချက်အတွက် အထောက်အပံ့ဖြစ်စေဖို့နဲ့
မြန်မာသတင်း

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 37 Views
အစိုးရအဖွဲ့ ပြုပြင်ပြောင်း‌လဲရေး အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုပြုပြင်ပြောင်းလဲတာ ပထမအဆင့်လို့ဆို ဒီဇင်ဘာလ (၉)ရက်။ NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပါဝင်လာဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်သူထံ အသိပေးတဲ့မိန့်ခွန်းမှာ