နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့် နဲ့ ခွာပြဲသွားပြီးနောက် နိုင်ငံရေးပါတီသစ် ဖွဲ့တော့မည်ဟု အီလွန်မာ့စ်ခ် ပြော

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်

ကုဋေကြွယ်သူဌေး အီလွန်မာ့စ်ခ်သည် ဒေါ်နယ်ထရန့် နှင့် သိသိသာသာ ကွဲထွက် သွားပြီးနောက် တတိယနိုင်ငံရေးပါတီကို ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း စနေနေ့တွင် ပြောကြားခဲ့ပြီး သမ္မတ၏ ပြည်တွင်းမူဝါဒဥပဒေမူကြမ်းသည် ဥပဒေဖြစ်လာပါက ထိုခြိမ်းခြောက်မှုများအပေါ် ကောင်းမွန်စွာတုံ့ပြန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အီလွန်မတ်စ်က “ကျွန်တော်တို့နိုင်ငံကို ဒေဝါလီခံစေတဲ့ အဆင်ခြင်မဲ့ ဖြုန်းတီးနေတာတွေနဲ့ အကျင့်ပျက်ခြစားနေတာတွေဟာ ပါတီနှစ်ရပ်လုံး အတူတူပဲဖြစ်ပြီး အကျင့်ပျက်နေတဲ့ အုပ်စုတစုသာ ဖြစ်နေပါတယ်။ ဒါကြောင့် မဲပေးတဲ့သူတွေမှာ အခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ဒီမိုကရေစီစနစ်မှာ မဟုတ်ဘဲ တစ်ပါတီစနစ်ထဲမှာသာ နေထိုင်နေခဲ့ပါတယ်” ဟု ထရန့်၏ “ပထမမိတ်ဆွေ”(မာ့စ်ခ်) က ၎င်း၏ ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင် “ယနေ့၊ သင်၏ လွတ်လပ်ခွင့်ကို ပြန်လည်ပေးအပ်ရန် အမေရိကပါတီကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်” ဟု ကြေညာခဲ့သည်။

မာ့စ်ခ်သည် ထရန့်၏ ၂၀၂၄ သမ္မတရွေးကောက်ပွဲမဲဆွယ်ပွဲအတွက် အကြီးမားဆုံး တစ်ဦးတည်း အလှူရှင်ဖြစ်ပြီး မကြာသေးမီအချိန်အထိ အစိုးရ၏ အလွဲသုံးဖြုန်းတီးမှုများကို ရှာဖွေ ဖြတ်တောက်ရန် ဦးဆောင်လုပ်ပေးခဲ့သည်။ သမ္မတ၏အနီးကပ်အကြံပေးပုဂ္ဂိုလ် မာ့စ်ခ်သည် ထရန့် ၏ “လှပသောဥပဒေကြမ်း” ကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ထိုဥပဒေကြမ်းသည် ဖက်ဒရယ်လိုငွေပြမှုကို ဒေါ်လာထရီလျံ ပေါင်းများစွာ တိုးလာစေလိမ့်မည်ဟု ဆိုခဲ့သည်။

မာ့စ်ခ်၏ ဥပဒေကြမ်းအပေါ် ဝေဖန်မှုများသည် ပြီးခဲ့သည့်လက ၎င်းတို့နှစ်ဦးကြားတွင် ကြီးမားသော ပြိုလဲမှုဖြစ်စေရန် လှုံ့ဆော်ပေးခဲ့သည်။ မာ့စ်ခ်သည် နောင်တရကြောင်း ထုတ်ဖော်ပြောဆိုပြီး ထရန့်နှင့်ပတ်သက်သည့် လောင်မြိုက်သည့် ဆိုရှယ်မီဒီယာပို့စ်များကို ဖျက်လိုက်ပြီးနောက် အဆိုပါ ရန်ပွဲများ အေးခဲသွားပုံရသော်လည်း ပြီးခဲ့သည့် ရက်အတော် ကြာတွင် ဥပဒေကြမ်း အတည်ပြုရန် နီးကပ်လာချိန်တွင် ပြန်လည်ဝေဖန်လာခဲ့သည်။ ထရန့် သည် သောကြာနေ့တွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။

ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင် (Federal Election Commission) တွင် မှတ်ပုံတင်ရန် လိုအပ်သည့် ပါတီတရားဝင်ဖွဲ့စည်းရန် မာ့စ်ခ်သည် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင် ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ မကြာသေးမီက FEC တွင် မှတ်ပုံတင်သည့် အဖြစ်အပျက် အရိပ်အယောင်များ မရှိခဲ့ပါ။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က ရှေးရိုးစွဲကွန်ဆာဗေးတစ်အယူအဆနှင့် အသုံးစရိတ်ကို ချုပ်ကိုင်ထားသည့်ပါတီကို လိုချင်သော်လည်း ပါတီ၏ပလက်ဖောင်း မည်သို့ဖြစ်မလဲဆိုသည်နှင့် ပတ်သက်ပြီး အခြားအသေးစိတ်အချက်အလက် အနည်းငယ်ကိုသာ တင်ပြထားခဲ့သည်။

မာ့စ်ခ်နှင့် ထရန့်တို့သည် ခေတ်ပြိုင်လူမှုရေးပြဿနာများနှင့်ပတ်သက်၍ အလားတူ အမြင်များရှိသည်။ သို့သော် မာ့စ်ခ်က ရီပတ်ဘလီကန်၏ မူဝါဒအစီအစဉ်သည် ကြွေးမြီများကို ပိုမိုများပြားစေသည့် “ကြွေးမြီကျွန်ပြုမှု” ဟုခေါ်သည့် ကြွေးမြီများကို တိုးမြင့်စေမည်ဟု ဝေဖန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် နှစ်ပါတီစနစ်အား မှတ်ပုံတင်ထားသော ဒီမိုကရက်များနှင့် ရီပတ်ဘလီကန် နှစ်ဖက်လုံးက ဝေဖန်ပြစ်တင်ခဲ့ကြသော်လည်း ပြီးခဲ့သည့်ရာစုနှစ်အတွင်း တတိယပါတီဖွဲ့စည်းရန် ကြိုးပမ်းမှုများမှာ အောင်မြင်မှုအနည်းငယ်သာ ရှိခဲ့သည်။ ဘီလျံနာ ရော့ပါရော့ (Ross Perot) သည် ၁၉၉၂ ခုနှစ်တွင် တစ်သီးပုဂ္ဂလ သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လူကြိုက်များသောမဲ ငါးပုံတစ်ပုံနီးပါး အနိုင်ရခဲ့သော်လည်း ရွေးကောက်ပွဲတွင် ပြည်နယ်များကို မစည်းရုံးနိုင်ခဲ့ဘဲ ဘီလ်ကလင်တန်က အနိုင်ရခဲ့သည်။

CNN က ယခင်ဖော်ပြခဲ့သည့်အတိုင်း ပါတီသစ်တစ်ခုဖန်တီးရန် ငွေကြေးနှင့် တရားဝင်မှု ပြုလုပ်ရန် ခက်ခဲကြောင်း မဲဆွယ်စည်းရုံးရေးဘဏ္ဍာရေးနှင့် နိုင်ငံရေးသိပ္ပံမှ ကျွမ်းကျင်သူများက ပြောဆိုကြပြီး မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်လောင်းများက ပါတီသစ်ကို ပူးပေါင်းပါဝင်ရန် ချီတုံချတုံ ဖြစ်နေကြသည်ဟု ဆိုသည်။

မာ့စ်ခ်သည် လာမည့်နှစ် ကြားဖြတ်ရွေးကောက်ပွဲများအတွင်း ၎င်း၏ပါတီသည် တက်ကြွသော နိုင်ငံရေးအင်အားစု ဖြစ်လာမည်ဖြစ်ပြီး လာမည့်နှစ်ဝက်ရွေးကောက်ပွဲတွင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ယှဉ်ပြိုင်မှုတွင် လက်တစ်ဆုပ်စာမျှသာရှိသော ကိုယ်စားလှယ်လောင်းများကို ထောက်ခံအားပေးခြင်းကို အာရုံစိုက်ပြုလုပ်သွားမည်ဟု မာ့စ်ခ်က ယခုသီတင်းပတ်တွင် အခြားပို့စ်များတွင် ပြောကြားခဲ့သည်။

တစ်ဖန် ထရန့်သည် တစ်ချိန်က သူ၏ အထင်ရှားဆုံး အကြံပေးပုဂ္ဂိုလ်ကို ခြိမ်းခြောက် ခဲ့သည်။ မာ့စ်ခ်၏ကုမ္ပဏီများနှင့် ၎င်း၏ ကြီးမားသော စာချုပ်များကို အစိုးရက ပယ်ဖျက်ရန် ပြန်လည် စဉ်းစားနိုင်ပြီး ဘီလျံနာသည် ယခင်က သူဦးဆောင်ခဲ့သော အစိုးရ၏ စွမ်းဆောင်ရည်ဌာန “သည် ဘီလူးတစ်ကောင်အဖြစ် ပြန်လာပြီး အီလွန်မာ့စ်ခ်ကို စားလိမ့်မည်ဟု သီတင်းပတ် အစောပိုင်းတွင် သမ္မတက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက