နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြင်သစ်နိုင်ငံ အောက်လွှတ်တော် ကိုယ်စားလှယ်များနှင့် NUG အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးအပါအ၀င် မြန်မာကိုယ်စားလှယ်အဖွဲ့ တာ၀န်ရှိသူများ တွေ့ဆုံ

ပြင်သစ် အောက်လွှတ်တော်တွင် ပြင်သစ်- မြန်မာချစ်ကြည်ရေးအဖွဲ့မှ ဥက္ကဌအောက်လွှတ်တော်အမတ် Mr Alain David နဲ့အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တို့ကို NUG အစိုးရ ရဲ့ ပြည်ထောင်စုဝန်ကြီး အပါအဝင် မြန်မာ ကိုယ်စား လှယ်အဖွဲ့ဟာ ဖေဖော်ဝါရီ (၁)ရက် မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်း၊ အမျိုးသားညီညွတ် ရေး အစိုးရ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်၊ ကိုယ်စားလှယ်ရုံး အဖွဲ့၀င် Maé Robbine တို့ ပါဝင်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ပြည်ထောင်စု၀န်ကြီးအဖွဲ့ က မြန်မာ့နွေဦးတော်လှန်ရေး ရဲ့ တိုးတက်မှုအခြေအနေများ၊ အမျိုးသား ညီညွတ် ရေး အစိုးရ၏လမ်းပြမြေပုံ အပါအ၀င် မြန်မာ လူထု၏ နွေဦးတော်လှန်ရေးတွင်အရေးကြီးပါ ၀င်နေမှုများ ရှင်းလင်းပြောကြားခဲ့ကြပြီး အရေးပါတဲ့ အချက်အချို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိုလည်း ပြင်သစ်လွှတ်တော်၊ ပြင်သစ်အစိုးရနဲ့ နိုင်ငံတကာမှ ကန့်ကွက်ပေးပါရန်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ နဲ့ ပြင်သစ်အောက်လွှတ်တော်တို့ တရားဝင်တွေ့ဆုံချိတ်ဆက်လုပ်ဆောင် သွားမယ့် ကိစ္စရပ်တွေကို ထည့်သွင်းဆွေး‌နွေး ခဲ့ကြတာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲအပြီးမှာ ပြည်ထောင်စုဝန်ကြီးတွေက ပြင်သစ်နိုင်ငံရောက် မြန်မာများ၊ ပြင်သစ်နိုင်ငံ သတင်းဌာနများနဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ပါ့မလား?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 13 Views
အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၃၀) ရွေးကောက်ပွဲကိုလူထုကစိတ်ဝင်စားမှုမရှိတာ၊ ရွေးကောက်ပွဲကလွတ်လပ်မျှတမှုမရှိတာ၊ လွတ်လပ်စွာစည်းရုံးလှုံဆော်ခွင့်မရတာ၊ ကြံခိုင်ရေးပါတီအနိုင်ရအောင် ပုံစံချလုပ်ထား တာတွေ နောက်မှာပြုလုပ်တဲ့ရွေကောက်ပွဲအတုအယောင်ကနေ ဒီမိုကရေစီအစိုးရ တရပ်
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တွေကြောင့် ပြည်သူ (၁၀၀၀)ကျော် တိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 13 Views
ဇန်နဝါရီလ (၁၇)ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ‌ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက
မြန်မာသတင်း

(၄)လတာတိုက်ပွဲထဲ CDF-KKG ရဲဘော် (၁၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီလ (၁၇)ရက်။ ၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲတွေမှာ ရဲဘော် (၁၂)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေထဲ ကျဆုံးခဲ့သူတွေဟာ CDF-KKG တပ်ရင်း(၁)က တပ်စုမှူးနဲ့
မြန်မာသတင်း

မြစ်ဆုံဆည်က လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီလ (၁၇)ရက်။ မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းက လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များက မနေ့က သဘောထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘူမိသိပ္ပံပညာရှင်တွေက သဘောထားထုတ်ပြန်တာမှာ မြစ်ဆုံဆည်ဆောက်လုပ်ဖို့ လုံးဝမသင့်တော်တာကို အချက် (၈)ချက်နဲ့ အကြံပြုထားပါတယ်။ အဲ့ဒီအချက်တွေထဲ မြစ်ဆုံဒေသဟာ
မြန်မာသတင်း

စစ်ကိုင်းမြို့အနီး စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို PDF တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 11 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ညပိုင်းအချိန်က စစ်ကိုင်းမြို့အနီးရှိ စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Sagaing PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စကမတပ်သားတွေ တပ်စွဲထားတဲ့
မြန်မာသတင်း

ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 31 Views
ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ ချောင်းဦးမြို့ပေါ်ရှိ မဲရုံတည်နေရာနဲ့ စစ်တပ်နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျနော်တို့ BLDF
မြန်မာသတင်း

ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင်တဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်ဆီးဖို့ကြိုးစားချိန် တိုက်နယ်ပကဖက ကယ်ထုတ်ခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 30 Views
ဇန်နဝါရီလ (၁၆)ရက်။ ယောဒေသစစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်နေတဲ့ ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဂန့်ဂေါနယ်တောင်ပိုင်းတိုက်နယ်ပကဖထံက သိရပါတယ်။ “ ဖြစ်စဉ်က ဒီလ (၆)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်မှာ မြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းက ယောဒေသစစ်ဆင်ရေးတာဝန်နဲ့
မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 36 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး အမျိုးသားရည်မှန်းချက် (၂)ရပ်အနေနဲ့ ဆောင်ရွက်နေသလို တိုင်းရင်းသားတွေရဲ့