နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မာ့ခ် သည် ရွေးကောက်ပွဲပြီးနောက်ပိုင်း သူ့ရဲ့ အပြင်းထန်ဆုံး နိုင်ငံရေးအရ ခြိမ်းခြောက်မှုကို ပြုခဲ့သည်။

CNN  ဇွန် ၃၀ရက် ၊ ၂၀၂၅

သူသည် နိုင်ငံရေးလောကမှ ထွက်ခွာသွားပြီဟု ကြေငြာပြီးနောက် အီလွန်မာ့ခ် သည် နိုင်ငံရေးစက်ဝင်းထဲသို့ ချက်ချင်းပြန်ဝင်လာခဲ့သည်။

တနင်္လာနေ့တွင် အထက်လွှတ်တော်တွင် သမ္မတ ဒေါ်နယ်ထရန့်၏ “ကြီးကျယ် လှပသော ဥပဒေကြမ်း” ကို နောက်ဆုံးမဲခွဲမဆုံးဖြတ်မီတွင် မာ့ခ် က ၎င်း၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X မှတစ်ဆင့် ပြတ်ပြတ်သားသား သတိပေးချက် ထုတ်ပြန်ခဲ့သည်။

“အစိုးရအသုံးစရိတ်ကို လျှော့ချဖို့ မဲဆွယ်စည်းရုံးခဲ့တဲ့ ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင်တိုင်းဟာ သမိုင်းမှာ အကြီးမားဆုံး ကြွေးမြီ တိုးလာမဲ့အစိုးရ ဘတ်ဂျက်ကို ချက်ချင်းမဲပေးခဲ့ကြလို့ သူတို့အနေနဲ့ ရှက်ရွံ့စိတ်နဲ့ ခေါင်းငိုက်ပြီးငုံနေသင့်ပါတယ်။ ပြီးတော့ ဒီကမ္ဘာကြီးပေါ်မှာ နောက်ဆုံးအနေနဲ့ငါက လုပ်မယ်ဆိုရင် နောက်နှစ်မှာ သူတို့ရဲ့အခြေခံမဲဆန္ဒနယ်မြေတွေကို သူတို့ဆုံးရှုံးရလိမ့်မယ်” ဟု ရေးသားခဲ့သည်။

နာရီအနည်းငယ်အကြာတွင် သူသည်ပိုမိုပြင်းထန်စွာ X တွင် “ရူးသွပ်သော အသုံးစရိတ် ဥပဒေကြမ်းကို အတည်ပြုခဲ့ပါက၊ နောက်တနေ့တွင် အမေရိကပါတီကို စတင် ဖွဲ့စည်း လိမ့်မည်” ဟု X တွင် ကြေငြာခဲ့သည်။

“ကျွန်ုပ်တို့နိုင်ငံမှာ ဒီမိုကရက်-ရီပတ်ဘလစ်ကန် ညီညွတ်ရေးပါတီနဲ့ ပြည်သူတွေရဲ့အသံကို အမှန်တကယ်ကိုယ်စားပြုနိုင်ဖို့ အတွက် အခြားရွေးချယ်စရာတစ်ခု လိုအပ်နေပါတယ်” ဟု သူက ရေးသား ခဲ့သည်။

ရက်သတ္တပတ်များအတွင်း မာ့ခ် သည် ထရန့် ၏မူဝါဒဥပဒေမူကြမ်းကို ဆန့်ကျင်ရှုံ့ချခဲ့ပြီး ယခုလအစောပိုင်းတွင် ထရန့် နှင့် အလွန်အရုပ်ဆိုးသောတိုက်ပွဲကို ဖြစ်ပေါ်စေခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတ်များစွာက X ပို့စ်များတွင် ရှုပ်ယှက်ခပ်ရေးသားခဲ့ပြီးနောက်တွင် မာ့ခ် သည် နိုင်ငံရေး ပါတီသစ်တစ်ခု စတင်တည်ထောင်ရန် အဆိုပြုခဲ့သည်။

တနင်္လာနေ့တွင် မာ့ခ် ၏ အဆိုပါ ပါတီအသစ်တည်ထောင်ရန် အဆိုပြုချက်သည် ပြန်လည်ထွက်ပေါ်လာသည်- “ဒီဥပဒေမူကြမ်းရဲ့ ရူးသွပ်တဲ့ အသုံးစရိတ်က ကျွန်တော်တို့နေထိုင်တဲ့ တစ်ပါတီတည်းဖြစ်နေတဲ့ နိုင်ငံအပေါ်မှာဒေါ်လာငါးထရီလျံလောက် စံချိန်တင် ကြွေးမြီကို တိုးလာစေတဲ့ ဝက်ပါတီ!!ပဲ အခုအချိန်ဟာ ပြည်သူတွေကို အမှန်တကယ် ဂရုစိုက်တဲ့ နိုင်ငံရေး ပါတီသစ်ပေါ်ပေါက်ဖို့ အချိန်တန်ပြီ”ဟုရေးသားခဲ့သည်။

ကွန်ဂရက်လွှတ်တော်အမတ်များ၏မဲဆန္ဒနယ်မြေများတွင် အမတ်များကို စိမ်ခေါ် ယှဥ်ပြိုင်ရဲသည့် ကိုယ်စားလှယ်လောင်း များအား ထောက်ခံရန် မာ့ခ် ၏ဆုံးဖြတ်ချက်သည် အိမ်ဖြူတော်အကြံပေးအဖြစ်မှ နုတ်ထွက် ပြီးနောက်ပိုင်း မာ့ခ် ၏ အခိုင်မာဆုံး နိုင်ငံရေး ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ မာ့ခ် သည် ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲတွင် ထရန့် နှင့် အခြား ရီပတ်ဘလီကန် သမ္မတလောင်းများကို ထောက်ပံ့ရန်ဒေါ်လာ ၂၇၅ သန်းကျော်သုံးစွဲခဲ့သည်။

မေလနှောင်းပိုင်းတွင် သူသည် နိုင်ငံရေး တွင်သူ၏သုံးစွဲမှု စရိတ်ကို ဖြတ်တောက်ရန် စီစဉ် နေကြောင်း အင်တာဗျူးတစ်ခုတွင် ၎င်းက “ပါဝင်ခဲ့မှုကလုံလောက်ပါပြီ” ဟု ပြောကြား ခဲ့သည်။

ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင် ၏ အဆိုအရ မာ့ခ် ၏ နိုင်ငံရေး ဆောင်ရွက်မှု ကော်မတီ၊ America PAC သည် ဖလော်ရီဒါပြည်နယ် အထူးရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် နေသည့် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း နှစ်ဦးဖြစ်သည့် ရန်ဒီဖိုင်း(Randy Fine) နှင့် ဂျင်မီ ပက်ထရွန်နစ် (Jimmy Patronis) တို့အား ပံ့ပိုးကူညီရန် ပြီးခဲ့သည့် မတ်လတွင် ငွေကြေး ပေးခဲ့သည်။

မာ့ခ် သည် ထရန့်အစိုးရနှင့်နယ်စပ်များပိတ်ပင်ရေး၊ တရားမဝင်ဝင်ရောက်သူများကို ပြည်နှင်ဒဏ်ပေးခြင်းနှင့် တရားမဝင် လူဝင်မှုကြီး ကြပ်ရေးကို ရပ်တန့်ခဲ့သည်များကို သဘောတူခဲ့ပြီးနှစ်ပေါင်းများစွာထောက်ခံခဲ့သည်။

သို့သော် ပြည်တွင်းမူဝါဒဥပဒေမူကြမ်းသည် Tesla စီအီးအိုဖြစ်သူမာ့ခ် နှင့် အိမ်ဖြူတော်ကြား အကွဲအပြဲ များကို ဖြစ်ပေါ်စေခဲ့သည်။ မာ့ခ် က ရီပတ်ဘလီကန် မူဝါဒ ဥပဒေကြမ်းသည် ကြွေးမြီကို တိုးမြင့်စေမည်ဟုဆန့်ကျင်ခဲ့ပြီး ၎င်းကို “ကြွေးမြီကျွန်ဖြစ်မှု” ဟုခေါ်ခဲ့သည်။

ဆီးနိတ်ဥပဒေမူကြမ်းသည် လာမည့်ဆယ်စုနှစ်အတွင်း လိုငွေပြမှုတွင် ဒေါ်လာ ၃.၃ ထရီလီယံ နီးပါး ထပ်တိုးလာနိုင်လိမ့်မည်ဖြစ်ကြောင်း ကွန်ဂရက်လွှတ်တော်ဘတ်ဂျက်ရုံးက တနင်္ဂနွေနေ့ က ထုတ်ပြန်သည့် ခန့်မှန်းချက်အရ သိရသည်။ ဆီးနိတ်ဥပဒေသည် အောက်လွှတ်တော်မှ အတည်ပြု ထားသော ဥပဒေကြမ်းထက် ပိုမိုကုန်ကျမည်ဖြစ်ပြီး လာမည့်ဆယ်စုနှစ်အတွင်း လိုငွေပြမှုတွင် ဒေါ်လာ ၂.၄ ထရီလီယံ ထပ်တိုးလာမည်ဖြစ်သည်။

အထက်လွှတ်တော် ပက်ကေ့ဂျ်တွင် ပိုမိုလေးနက်သော အခွန်ဖြတ်တောက်မှုများ၊ အသုံးစရိတ် လျှော့ချခြင်းနှင့် ဝင်ငွေတိုးစေမည့် ပြဋ္ဌာန်းချက်များပါရှိသည်။ အိမ်ဖြူတော်က အဆိုပါဥပဒေမူကြမ်းသည် “စီးပွားရေးတိုးတက်မှုကို တွန်းအားပေးပြီး” အကြွေးများကို လျှော့ပေါ့ပေးသည်ဟု ဖြေရှင်းထောက်ခံခဲ့သည်။

ထရန့်အစိုးရနှင့် အချို့သော အထက်လွှတ်တော် ရီပတ်ဘလီကန်များသည် ဖက်ဒရယ် လိုငွေပြမှုအပေါ် ၎င်းတို့၏ ဥပဒေကြမ်း၏ အကျိုးသက်ရောက်မှုကို တွက်ချက် ရာတွင် ၂၀၁၇ခုနှစ်တွင် ထရန့်၏ အခွန်ဖြတ်တောက်ပေးမှု သက်တမ်းတိုးခြင်းအတွက် ကုန်ကျစရိတ်ကို ထည့်သွင်းခြင်းမပြုရန် ရွေးချယ်ခဲ့ကြသည်။

အီလွန်မာ့ခ် က ဥပဒေကြမ်းကိုသူက ဆန့်ကျင်ရခြင်း မှာ လျှပ်စစ်ကားများနှင့် ဆိုလာစွမ်းအင်အတွက် အစိုးရ၏ ပံ့ပိုးကူညီမှု (ထောက်ပံ့ကြေးများနှင့် အခွန်အခများကဲ့သို့) ကိုရုတ်သိမ်းလိုက်ခြင်းကြောင့် မဟုတ်ကြောင်း အီလွန်မာ့ခ် က ပြောကြားခဲ့သည်။

သို့သော်လည်း ဥပဒေကြမ်းသည်ဟောင်းနွမ်း၍ ခေတ်မမီတော့သော စက်မှုလုပ်ငန်းများကို အကူအညီပေးပြီး သန့်ရှင်းသော စွမ်းအင်နှင့် လျှပ်စစ်ကားများကဲ့သို့သော ဆန်းသစ် တီထွင်သော စက်မှုလုပ်ငန်းသစ်များကို ထိခိုက်နစ်နာစေသည်ဟု ယုံကြည်သောကြောင့် သူစိတ်မကောင်းဖြစ်မိသည်ဟုဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက