နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စဥ်းကူးမြို့နယ်မှာ ပျူရွာကို ကာကွယ်ရေးအဖွဲ့‌တွေ သုံးရက်ဆက် တိုက်ခိုက်ရာ (၁၆) ဦးသေဆုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်က ရွာသာပျူစောထီးရွာကို သုံးရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၆ ဦးသေကာ ရှစ်ဦးဒဏ်ရာရသွားတယ်လို့ ကျောက်ဆည်ခရိုင် တပ် ရင်း-၁(နဂါးနီတပ်ရင်း)ဆီက သိရပါတယ်။

အဲဒီရွာကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သြဂုတ် ၃၀ရက်က စက်တင်ဘာ ၁ ရက်အထိ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒရုန်းဗုံးသီး ၄၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ရွာသာရွာ ၃ ရက်ဆက်တိုက်ပွဲမှာ စစ်ကောင်စီတပ်စစ်ကြောင်းမှူးရဲ့ဇနီးလည်းပါဝင်ပြီး စစ်ကြောင်းမှူးကိုယ်တိုင်ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် မန္တလေးနန်းတွင်သို့ပြန်သယ်သွားကာ ကုသမှုခံနေရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် (၁၅)တပ်ရင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုး၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့၊ကျောက်ဆည်ခရိုင်တပ်ရင်း-၁(နဂါးနီတပ်ရင်း)၊ မိထ္တီလာပြည်သူ့ကာကွယ်ရေးဒရုန်းတပ်ဖွဲ့- Lightning Drone Force ၊ Demo Pauk kwae (ဒီမိုပေါက်ကွဲ)၊ ဆားထောင်မိုးကြိုးအဖွဲ့၊ ရဲဘော်သုံးကျိတ်၊ ရွှေဘိုခရိုင်အမှတ် (၁၅)တပ်ရင်း တပ်ခွဲ (၃) Eagle -သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အရာတော်ရှိ စစ်ကောင်စီအမြောက်တပ် ပစ်ခတ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန်က အရာတော်မြို့ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်(အမတ-၃၆၉)ကို ၆၀မမနဲ့ ပစ်ခတ်ခဲ့တယ်လို့ Snipe Rangers
မြန်မာသတင်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ NMSP-AD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့နဲ့ နိုင်ငံရေးပန်းတိုင်မရောက်မချင်း ဒီမိုကရေစီအင်အယးစုတွေနဲ့အတူ လက်တွဲကြိုးစားသွားမယ်လို့ NMSP-AD ရဲ့ ဒီကနေ့ တစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာ ပြောဆိုထားတယ်လို့
မြန်မာသတင်း

ရွှေကုက္ကိုလ်မြို့ထဲ ကျားဖြန့်နှိမ်နင်းရှင်းလင်းရေးတွေ BGF စတင်ဆောင်ရွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ‌မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့ထဲ ကျားဖြန့်နှိမ်နင်း‌ရှင်းလင်းရေးဆိုပြီး BGF က စတင်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ BGF ရဲ့ ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့က ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ ကျားဖြန့်နဲ့
မြန်မာသတင်း

CDM ကျန်းမာရေးဝန်ထမ်းတွေ ခန့်တယ်ဆိုပြီး ပုဂ္ဂလိကဆေးရုံ (၉)ခုကို စစ်ကောင်စီအရေးယူ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဂရန်းဟံသာနဲ့ ဆာကူရာအပါအဝင် ပုဂ္ဂလိကဆေးရုံ (၉)ခုကို စစ်ကောင်စီက အရေးယူပိတ်သိမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။ စစ်ကောင်စီက ဂရန်းဟံသာဆေးရုံကို (၁)နှစ်၊ ဆာကူရာဆေးရုံကို (၆)လ၊ OSC ဆေးရုံကို (၁)နှစ်၊ ကောင်းဆေးရုံကို
မြန်မာသတင်း

ပဲခူးတိုင်းရှိ စိုးမိုးနယ်မြေတွေက ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေကို NUG သွားရောက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ပဲခူးတိုင်းရှိ စိုးမိုးနယ်မြေတွေက ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေကို NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေက သွားရောက်လေ့လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေဟာ ပြည်သူကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေကို သွားရောက်ကာ
မြန်မာသတင်း

တနှစ်ထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်မပြည့်သေးသူ (၂၅၀)ဦးအထိ သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့နှစ်ထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်မပြည့်သေးသူ (၂၅၀)ဦးအထိ သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးသူတွေဟာ (၉)လအရွယ် ယောက်ျားလေးတစ်ဦးအပါအဝင် (၁၈)နှစ်အောက်ကလေးငယ် အမျိုးသမီး (၉၉)ဦးနဲ့ အမျိုးသား
မြန်မာသတင်း

ကလေးမြို့တောင်ပိုင်း စစ်ကောင်စီရဲ့ ကမ်းပါးနီစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ ကမ်းပါးနီတံတားအနီးက စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းတွေထံက သိရပါတယ်။ “ ကမ်းပါးနီတံတားနားက စကစတပ်စခန်းတွေကို ဒေသခံတော်လှန်ရေးတပ်တွေက (၁၁)ရက်နေ့ကစပြီး ထိုးစစ်ဆင်ခဲ့တာ မနေ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စကစဘက်က
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

မြန်မာနိုင်ငံမှ ထောင်နဲ့ချီရှိသည့်ကောလ်စင်တာ၏ သားကောင်ဖြစ်သူများကို ပြန်လွှတ် ပေးတော့မည်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 2 Views
ကြာသပတေးနေ့၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ နယ်ခြားစောင့်တပ် BGF သည် လိမ်လည်သူများကို နှိမ်နင်းရန်နှင့် တရားစွဲဆိုရန်အတွက် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည်ဟု တာဝန်ရှိသူများက ပြောသည်။ ထိုင်းနှင့် မြန်မာ အစိုးရတို့သည် နယ်စပ်မြို့များတွင်