စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးစခန်းကို မောင်းသူ မဲ့လေယာဉ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာ တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၄ ရက် ညနေ ၄ နာရီခန့်က စစ်သား၊ ပျူစောထီးပူးပေါင်းအင်အား ၁၀၀ ခန့် တပ်စွဲထားပြီး ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးစခန်းရှိ စစ်တပ်ဗိုလ်နေသော အိမ်နှင့် ပျူစေ ထီးခေါင်းဆောင်နေအိမ်တို့ကို Shar Htoo Waw Drone နည်းပညာ(မောင်းသူမဲ့လေယာဉ်)ကို အသုံးပြု ပြီး 1 Kg ဗုံးသီး ၃ လုံး ဗုံးကျဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ KLG PDF(ကျောက် လုံးကြီး) အဖွဲမှ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Era’sEye