ကရင်နီပြည်၊ ပူဖားကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် Leone ကို အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုမှတ်တမ်းတင်ကြောင်း KNDF ရဲ့ စက်တင်ဘာလ (၄)ရက်နေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရဲဘော် Leone ဟာ ဩဂုတ်လ (၃၁)ရက်နေ့က စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်ရင်း ပူဖားကျေးရွာတိုက်ပွဲမှာ ကျဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရဲဘော် Leone ရဲ့ ကျဆုံးမှုကို မိသားစုတွေနဲ့ ထပ်တူ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ တပ်ရင်းအမှတ်(၆)ကလည်း များစွာ ဝမ်းနည်းပူဆွေးရတယ်လို့ ဖော်ပြထားပါတယ်။
ကျဆုံးခဲ့တဲ့ ရဲဘော် Leone ရဲ့ နာရေးအခမ်းအနားမှာ KNDF ရဲဘော်တွေက သေနတ်ပစ်ဖောက်ခဲ့ကြပြီး ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် KNDF တပ်ရင်းအမှတ်(၆)က ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။