နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG နှင့် ချိတ်ဆက်ပြီး စာသင်နေသည့် မန္တလေးမှ ၁၅ ဦးအဖမ်းခံရ

၂၀၂၃ ခုနှစ်၊ ဧပြီလ (၅) ရက်၊ မန္တလေး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ချိတ်ဆက်ပြီး အွန်လိုင်းမှာ စာသင်ကြားနေတဲ့ မန္တလေးမြို့ရှိ Federal School of Aung Myay Thar Zan မှ ကျောင်းတာဝန်ခံ အိရွှေစင်မြင့် အပါအဝင် (၁၅) ဦးကို မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ သူတို့ရဲ့နေအိမ်တွေမှာ ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီမှ မနေ့က ဧပြီလ (၄) ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့သူတွေကတော့ ကျောင်းတာဝန်ခံ အိရွှေစင်မြင့်၊တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်၊ ချောစုသန်း စုစုပေါင်း ၁၅ ဦး ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီအွန်လိုင်းစာသင်ကျောင်းမှာ စာရင်းပေးသွင်းပြီး စာသင်နေတဲ့ ကျောင်းသားများကိုလည်း ဆက်လက်ဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ချိတ်ဆက်ပြီး အွန်လိုင်းမှာ စာသင်နေတဲ့ စာသင်ကျောင်းတွေ မကြာခဏ အဖမ်းအဆီးခံနေရတဲ့အတွက် အခြားကျောင်းတွေမှာ စာရင်းသွင်းထားတဲ့ မိမိသားသမီးများအတွက် စိတ်ပူပန်နေကြောင်း မိဘများက ပြောဆိုနေကြပါတယ်။

ဓာတ်ပုံ။ စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတဲ့အချိန် စစ်ကောင်စီက ပြန်လွှတ်ပေးတာက ထောင်ထဲ ဆေးဝါးမလုံလောက်ဘဲ သေဆုံးရတာကို ဖုံးကွယ်ဖို့ကြိုးစားတာလို့ဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 0 Views
နိုဝင်ဘာလ (၉)ရက်။ အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတဲ့အချိန်မှာ စစ်ကောင်စီက လွတ်ငြိမ်းပေးပြီး ပြန်လွှတ်ပေးတာက ထောင်ထဲ ဆေးဝါးမလုံလောက်ဘဲ သေဆုံးရတာကို ဖုံးကွယ်ဖို့ ကြိုးစားတာလို့
မြန်မာသတင်း

တောင်ငူမြို့နယ်ထဲ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာထွက်ပြေးနေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 0 Views
နိုဝင်ဘာလ (၉)ရက်။ မနေ့က နံနက်ပိုင်းအချိန်ကစပြီး တောင်ငူမြို့ အိုင်ဇောက်ရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အနီးရှိကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေရဲ့
မြန်မာသတင်း

ရန်ကုန်ရှိ စမ်းချောင်းမြို့က ငွေလဲကောင်တာတခု လုယက်ခံရကာ ဆိုင်မန်နေဂျာ ဓါးထိုးခံရပြီးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 0 Views
နိုဝင်ဘာလ (၉)ရက်။ မနေ့က နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်းတောင်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတစ်ခု လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်‌အရ သိရပါတယ်။ “ စမ်းချောင်း ဗားကရာလမ်းမှာ ဖွင့်ထားတဲ့ ငွေလဲကောင်တာကို
မြန်မာသတင်း

ပုဂံက ဟိုတယ်တစ်ခုမှာ ဟိုတယ်မန်နေဂျာနဲ့ ဝန်ထမ်းတွေက လာရောက်တည်းခိုတဲ့ လူငယ်တွေကို ရိုက်နှက်ရာက တစ်ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 0 Views
နိုဝင်ဘာလ (၉)ရက်။ နိုဝင်ဘာလ (၃)ရက်နေ့ ညပိုင်းအချိန်က ပုဂံဒေသရှိ ရွှေစည်းခုံဘုရားအနီးက Cheri Land River House ဟိုတယ်မှာ လာရောက်တည်းခိုတဲ့ လူငယ်တွေကို ဟိုတယ်မန်နေဂျာအပါအဝင် ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ကာ တစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်နဲ့
မြန်မာသတင်း

ကျွန်းလှမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်းက အရပ်သား (၂)ဦးကို သတ်ဖြတ်ပြီး (၃)ဦးကို ဖမ်းဆီးသွား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 4 Views
နိုဝင်ဘာလ (၉)ရက်။ မနေ့က နံနက် (၉)နာရီကျော်အချိန်က ကျွန်းလှမြို့နယ်၊ သအင်းသရက်တောရွာကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်မီးရှို့ပြီး အရပ်သား (၂)ဦးကို သတ်ဖြတ်ကာ (၃)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ အင်အား
မြန်မာသတင်း

ဆေးကုသမှုခံယူနေရတဲ့ ဖမ်းဆီးခံ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် အဆုတ်ရောင်ရောဂါနဲ့ မန္တလေးဆေးရုံမှာ ကွယ်လွန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 2 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က ည‌ (၁၀)နာရီခန့်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံထားရတဲ့ NLD ရဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ အဆုတ်ရောင်ရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “ သူက ဖမ်းဆီးခံထားရတဲ့အချိန် ထောင်ထဲမှာ
မြန်မာသတင်း

မှော်ဘီလေတပ်စခန်း တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 3 Views
‌နိုဝင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက် (၁)နာရီခန့်က ရန်ကုန်ရှိ မှော်ဘီလေတပ်စခန်းကို တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Urban Special Operation(USO)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မှော်ဘီလေတပ်စခန်းကို မြို့ပြအထူးစစ်ဆင်ရေးအနေနဲ့ တာဝေးပစ် မစ်ဇိုင်းဒုံး (၄)လုံးနဲ့
မြန်မာသတင်း

ဝါဒဖြန့်ဘာသာရပ်တွေကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ စစ်ကောင်စီ ပြင်ဆင်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 11 Views
နိုဝင်ဘာလ (၈)ရက်။ ဝါဒဖြန့်ဘာသာရပ်တွေကို စစ်ကောင်စီက သူ့ရဲ့လက်အောက်မှာရှိတဲ့ စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ ပြင်ဆင်နေတယ်လို့ Burma Affairs and Conflict Study ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မတရားစစ်မှုထမ်းဥပဒေနဲ့ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့