နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

ဆောင်းပါးများ

ဆောင်းပါးများ

ထိုင်းနိုင်ငံ ရွေးကောက်ပွဲ အလားအလာ

ဓာတ်ပုံ။ ဝန်ကြီးချုပ်နေရာအတွက် Move Forward ပါတီ၏ ကိုယ်စားလှယ်လောင်း ပီတာလင်ဂျာရီယိုနတ် (Pita Limjaroenrat) ကို ဧပြီလ ၂၂ ရက်က ဘန်ကောက်တွင် လူထုစည်းဝေးပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံမူပိုင် – Ken Kobayashi)

ထိုင်းနိုင်ငံတွင် မေလ (၁၄) ရက်နေ့တွင် ရွေးကောက်ပွဲ စတင်တော့မည် ဖြစ်သည်။ လက်ရှိအစိုးရ၏ ဝန်ကြီးချုပ်ဟောင်း ပရာရွတ်လည်း ရာထူးမှ နှုတ်ထွက်ပြီး မဲဆွယ်လျက် ရှိသည်။ (မှတ်ချက်။ ပရာရွတ်သည် အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းတဦးဖြစ်သည်)

ယင်းကဲ့သို့ ရွေးကောက်ပွဲဝင်ရန် မဲဆွယ်နေသည့် ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သမီး တူပေ ခေါ် တွန်တန်ရှင်နာဝပ်ထရာ၏ ဖြူထိုင်းပါတီသည် လက်ရှိထောက်ခံမှုအများဆုံး ရရှိနေပြီး တိုးတက်သော လူငယ်များ ဦးဆောင်နေသည့် Move Forward ပါတီသည် ဒုတိယနေရာတွင် လိုက်နေသည်။ ဝန်ကြီးချုပ်ဟောင်း ပရာရွတ်၏ပါတီသည် လူထုထောက်ခံမှု ၁၀ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်ရှိသည်။

ပရာရွတ်ဦးဆောင်ပြီး ရေးဆွဲထားသည့် ထိုင်းနိုင်ငံ၏ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထက်လွှတ်တော်အမတ် ၂၅၀ နေရာကို စစ်တပ်က ရွေးချယ်မှာ ဖြစ်သည့်အတွက် ပရာရွတ်သည် လူထုထောက်ခံမှု နည်းသော်လည်း စစ်တပ်ရွေးချယ်ထားသည့် အထက်လွှတ်တော်အမတ်များ၏ ပူးပေါင်းထောက်ခံမှု၊ ယခင်အစိုးရအဖွဲ့များတွင် ပါဝင်ခဲ့သည့် ညွန့်ပေါင်းပါတီငယ်များနှင့် ပူးပေါင်းပြီး ဝန်ကြီးချုပ် ဖြစ်လာနိုင်ခြေရှိသည်။

လက်ရှိအချိန်တွင် ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သမီး တူပေ ခေါ် တွန်တန်ရှင်နာဝပ်ထရာက ဖခင်၊ အဒေါ်၏ အရှိန်နှင့် လူထုထောက်ခံမှု အများဆုံး ရနေသည့်အပြင် မဲဆွယ်ရာတွင်လည်း ဖေဖေသမီး (Daddy’s Daughter) ဆိုပြီး ပြောလေ့ရှိသည်။

မည်သို့ပင်ဖြစ်စေကာမူ သက်ဆင်၏သမီး ဦးဆောင်သည့် ဖြူထိုင်းပါတီနှင့် Move Forward ပါတီတို့၏ မူဝါဒများကို လေ့လာကြည့်လျှင် လူငယ်များဦးဆောင်နေသည့် Move Forward ပါတီက ပို၍သာလွန်သည်ကို တွေ့ရသည်။ မူဝါဒများ ချမှတ်ရာတွင်လည်း နိုင်ငံခြားပြန် ထိုင်းပညာတတ် ဘွဲ့ရလူငယ်များက ထိုင်းနိုင်ငံ၏ လှိုက်စားနေသည့် အကျင့်ပျက် ခြစားနေမှုများကို ထဲထဲဝင်ဝင်လေ့လာသိရှိပြီး မည်သို့ တွန်းလှန်ပြုပြင်ရမလဲဆိုသည့် အဖြေလည်း သူတို့တွင် ရှိကာ ပြည်သူကို ချပြနိုင်ခဲ့သည်။ ဥပမာအားဖြင့် စစ်မှုထမ်းဥပဒေကို ပြောင်းလဲရန်အတွက် သူတို့ချမှတ်ထားသည့် ပေါ်လစီကို ဖြူထိုင်းပါတီက သူတို့၏ ပါတီပေါ်လစီတွင် ထည့်သွင်းဖော်ပြခဲ့ရသည် အထိ ထက်မြက်သည့် အတွေးအခေါ်ရှိသည်။

မေလ (၁၄) ရက်နေ့ ရွေးကောက်ပွဲတွင် ဖေဖေသမီး တွန်တန်ရှင်နာဝပ်ထရာ၏ ဖြူထိုင်းပါတီက ကျိန်းသေပေါက် အနိုင်ရမည်ဖြစ်ပြီး ဒုတိယမဲအများဆုံးရမည့်ပါတီက Move Forward ဖြစ်သည်။ ဖြူထိုင်းပါတီနှင့် Move Forward တို့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ပါက မြန်မာနိုင်ငံဒီမိုကရေစီ တော်လှန်ရေးအင်အားစုများအတွက် အထောက်အကူ ရနိုင်မည်ဟု မျှော်လင့်ရသည်။ မြန်မာစစ်အာဏာရှင်နှင့် ပင်းထားသည့် ပရာရွတ် အနိုင်ရသွားပါက တော်လှန်ရေးအင်အားစုများအတွက် မျှော်လင့်ချက် မရှိတော့ပါ။ ထို့ကြောင့် ဖေဖေသမီးနှင့် Move Forward ပါတီတို့ အနိုင်ရမရ စောင့်ကြည့်ရမည် ဖြစ်သည်။

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့

အောက်ပါ Nikkei Asia ၏ Move Forward leader Pita vows to bring ‘good politics’ to Thailand ၊မြန်မာပြန် ဆောင်းပါးကို ဆက်လက်ဖတ်ရှကြပါ။

ထိုင်းနိုင်ငံ၏ တိုးတက်သော အတိုက်အခံ ရှေ့သို့ချီ (Move Forward) ပါတီသည် ၎င်းတို့အနိုင်ရခဲ့ပါက ၎င်းတို့၏ အစိုးရက ပထမဆုံး ရက် ၁၀၀ သက်တမ်းအတွင်း မည်သို့ပြုလုပ်မည်ဆိုသည့် လမ်းပြမြေပုံကို မေလ ၁၄ ရက် ရွေးကောက်ပွဲမတိုင်မီ လူထုအား ချပြသခဲ့သည်။ ၎င်းတို့အနေနှင့် တိုင်းပြည်ကို အုပ်ချုပ်ရန်နှင့် နိုင်ငံရေးတွင် ဆောက်ရွက်ရန် ကိစ္စရပ်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်အတွက် လူထုဆန္ဒခံယူပွဲအပါအဝင် ၎င်း၏မူဝါဒများကို အကောင်အထည်ဖော်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားပြီး ဝေဖန်မှုများကို ဖယ်ရှားရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ပြိုင်ဘက်ပါတီများသည် လူကြိုက်များသော လက်ကမ်းစာစောင်များနှင့် အစိုးရ၏ ထောက်ပံ့ပေးမှုများအပေါ် ပြိုင်ဆိုင် နေကြသော်လည်း Move Forward ၏ ခေါင်းဆောင်က စစ်တပ်အာဏာသိမ်းမှုများ၏ အတိတ်ကာလက ထပ်တလဲလဲ ဖြစ်နေမှုများကို ထပ်မဖြစ်ရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် သူ့အနေနှင့် စီးပွားရေး တည်ဆောက်မှုပုံစံကို ပြောင်းလဲရန်အတွက် အာရုံစိုက် လုပ်ဆောင်နေကြောင်း ပြောခဲ့သည်။ ၎င်းပြောင်းလဲမှု၏ အစကို အာဏာသိမ်း အကျိုးဆက်ဖြစ်သော အထက်လွှတ်တော်အမတ်များ ခန့်အပ်မှုနှင့် ရွေးချယ်မှု၊ ပြိုင်ဆိုင်မှုများကို ဖျက်သိမ်းပစ်ပြီး အဂတိတိုက်ဖျက်ရေး အဖွဲ့အစည်းတခုလုံး၏ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲခြင်းတို့ဖြင့် စတင်လုပ်ဆောင်မည်ဖြစ်သည်။ (မှတ်ချက်။ ထိုင်းနိုင်ငံတွင် စစ်တပ်က စုစုပေါင်း ၂၁ ကြိမ် အာဏာသိမ်းခဲ့သည်။ ၁၃ ကြိမ် အောင်မြင်ခဲ့သော်လည်း ၉ ကြိမ်မှာ မအောင်မြင်ခဲ့ပါ။)

“ နိုင်ငံတစ်ဝှမ်းလုံးမှာ ကျွန်တော်တို့ပေးနေတဲ့ အဓိကသတင်းစကားက ကောင်းမွန်တဲ့ နိုင်ငံရေး၊ ကောင်းမွန်တဲ့ စီးပွားရေး၊ ကောင်းမွန်တဲ့ အနာဂတ်” ဖြစ်သည်ဟု ပါတီ၏ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း ပီတာလင်ဂျာရီယိုနတ်က ပြောကြားခဲ့သည်။ ဘန်ကောက်တွင် ကြာသပတေးနေ့က Nikkei Asia နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပီတာသည် ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးအဆင့်အတွက် ပါတီ၏ဗျူဟာကို ပြောပြခဲ့သည်။

“ အပြောင်းအလဲအကြောင်း ကျွန်တော်တို့က ပြောတဲ့အခါ ပိုကောင်းလာအောင် အမှားကို ထောက်ပြနေတာပဲ ဖြစ်တယ် ဒါပေမယ့် အခု ကမ်ပိန်းရဲ့ နောက်ဆုံးအဆင့်မှာ၊ ကျွန်တော်တို့က ပိုပြီးအပြုသဘောဆောင်တဲ့ မျှော်လင့်ချက်ဆိုတဲ့ သတင်းစကားကို ပြောင်းလဲပြီး ပြောနေတယ်” ဟု ၎င်းက ဆိုသည်။

မကြာသေးမီက သဘောထားစစ်တမ်းများတွင် Move Forward ၏ ထောက်ခံမှုသည် ၎င်း၏မြို့ပြအခြေခံထက် ကျော်လွန်၍ ပျံ့နှံ့သွားသည်ကို ပြသနေသည်။ အသက် ၁၈-၂၅ နှစ်ရှိ GZ မျိုးဆက်၏ မဲပေးသူ ထက်ဝက်၏ ထောက်ခံမှုဖြင့် National Institute of Development Administration ၏ ဧပြီလ စစ်တမ်းတွင် ၎င်းပါတီသည် မတ်လတွင် ၁၇.၄% မှ ၂၁.၂% သို့ ခုန်တက်သွားပြီး အကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် ၄၇.၂% ရရှိထားသည့် Pheu Thai ၏ နောက်တွင် ဒုတိယနေရာကို ရောက်ရှိ သိမ်းပိုက်ထားသည်။ Move Forward သည် ထိုင်းအရှေ့ခြမ်းပြည်နယ်များတွင် သိသိသာသာ တိုးတက်အောင်မြင်မှုကို တွေ့မြင်ခဲ့ပြီး ၎င်း၏ရှယ်ယာ ၂၆ ရာခိုင်နှုန်းအထိ သုံးဆနီးပါးတိုးလာခဲ့သည်။

တူညီသောစစ်တမ်းတွင် ၂၀.၂၅% က အသက် ၄၂ နှစ်အရွယ် ပီတာကို ၎င်းတို့၏ ဦးစားပေး ဝန်ကြီးချုပ်လောင်းအဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းသည် ယခင်စစ်တမ်းမှ ၅ ရာခိုင်နှုန်းနီးပါးရရှိထားပြီး အကြီးဆုံးအတိုက်အခံ ပါတီဖြစ်သည့် ဖြူထိုင်းပါတီမှ ခေါင်းဆောင် အသက် ၃၆ နှစ်အရွယ် ပါတွန်တန်ရှင်နာဝပ်ထရာပြီးလျှင် ဒုတိယနေရာတွင် ရပ်တည်နေသည်။

မက်ဆာချူးဆက်စက်မှုတက္ကသိုလ် (MIT) မှ MBA ဘွဲ့ရရှိခဲ့ပြီး ဟားဗတ် ကနေဒီနိုင်ငံရေးသိပ္ပံတက္ကသိုလ် (Harvard’s Kennedy School of Government) မှလည်း အများပြည်သူပေါ်လစီအတွက် မဟာဘွဲ့ရတစ်ဦး ဖြစ်သော ပီတာသည် Future Forward ပါတီတည်ထောင်ပြီး ၂၀၁၉ ခုနှစ်တွင် အောက်လွှတ်တော်တွင် ရွေးချယ်ခံခဲ့ရသည်။ ထိုကနဦး လှုပ်ရှားမှုသည် မဲပေါင်း ၆ သန်းကျော်အနိုင်ရရှိခဲ့ပြီး အောက်လွှတ်တော်တွင် တတိယအကြီးဆုံးပါတီဖြစ်လာခဲ့သည်။ ၎င်း၏အဖွဲ့ဝင်အများအပြားကို နိုင်ငံရေးအထက်တန်းလွှာ အသိုင်းအဝိုင်း ပြင်ပမှ စည်းရုံးသိမ်းသွင်းယူခဲ့သည်။

Future Forward ပါတီသည် ပါတီမဲဆွယ်စည်းရုံးရေး လှူဒါန်းမှု ကန့်သတ်ချက်များကို ချိုးဖောက်မှုဖြင့် ၎င်း၏ အမှုဆောင် ၁၆ ဦးကို မဲဝင်အရွေးခံခြင်း သို့မဟုတ် ပါတီအသစ်တွင် ပါဝင်ခြင်းမပြုရန် တားမြစ်ကြောင်းစာထုတ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက (ဘာသာပြန်သူ မှတ်ချက်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးသည် အာဏာသိမ်း စစ်တပ်ထိန်းချုပ်မှု အောက်တွင်ရှိနေပြီး တက်လူငယ်များ အင်အားကြီးထွားလာမှုကို ဟန့်တားသည့်အနေနှင့် Future Forward ပါတီကို အကြောင်းပြ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်) ၂၀၂၀ ခုနှစ်တွင် ပါတီကို ဖျက်သိမ်းခဲ့သည်။ ပီတာက ခေါင်းဆောင်ပြီး Move Forward ပါတီကို အသစ်ထပ်မံဖွဲ့စည်းခဲ့သည်။ “ အရင်က ထိုင်းနိုင်ငံရေးထဲ ဝင်မယ်ဆိုရင် ချမ်းသာဖို့ ဒါမှမဟုတ် အချိတ်အဆက်ရှိဖို့ လိုတယ်။ Future Forward က ပုံမှန်လူတွေကို နိုင်ငံရေးထဲ ဝင်ဖို့ နည်းလမ်းတစ်ခုကို ဖန်တီးပေးနိုင်ခဲ့တယ်” ဟု Future Forward တွင် ပါဝင်ခဲ့သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှေ့နေ နီတီပွန် ပီမော် (Nitipon Piwmow) က ပြောကြားခဲ့သည်။ သူသည် ၂၀၁၈ ခုနှစ်တွင် ပါတီအဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ယခု Move Forward ကို မြောက်ဘက်နယ်မြေရှိ ဖြူထိုင်း၏ ရိုးရာအမာခံနယ်မြေ၏ စည်းရုံးရေးတာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ကျေးလက်မဲဆန္ဒရှင်များအားမဲဆွယ်နေသောနိုင်ငံရေး ပါတီများသည် ကောက်နှံမီးရှို့ခြင်းကို တားမြစ်ရန် တွန့်ဆုတ်နေကြသော်လည်း Move Forward ၏ ထိုအလေ့အကျင့် အဆုံးသတ်သည့် ခရိုင်များကို အစိုးရမှ ထောက်ပံ့ရန် အဆိုပြုချက်သည် ညစ်ညမ်းသော လေထုနှင့် ရုန်းကန်နေရသော မြောက်ပိုင်းမဲဆန္ဒရှင်များအတွက် ကျိုးကြောင်း ညီညွတ်လက်ခံနိုင်ဖွယ်ရှိသည့် အဆိုပြုချက်အဖြစ် ကြိုက်နှစ်သက်ကြသည်။ “Pheu Thai က အရမ်းအားကောင်းတယ်၊ ကျွန်တော်တို့မှာ ပိုက်ဆံအများကြီးမရှိဘူး” ဟု မြောက်ပိုင်းမှ Move Forward လှုပ်ရှားမှုကို ညွှန်ကြားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရှေ့နေ Nitipon Piwmow က ပြောသည်။ ” Pheu Thai က သူတို့ရပ်ကွက်ထဲမှာ ထောက်ခံမှုရနေတာကို ကျေနပ်နေလို့ မြေပေါ်ဆင်းပြီး စည်းရုံးရေး မလုပ်ကြဘူး။ ဒါကြောင့် ကျွန်တော်တို့က လူငယ်တွေရှိတဲ့ ဈေးတွေ၊ တက္ကသိုလ်တွေကို သွားပြီးတော့ စည်းရုံးရေးဆင်းတယ် သူတို့က ကျွန်တော် တို့ပါတီ သဘောထားတွေကို သူတို့မိဘတွေဆီ လက်ဆင့်ကမ်းနိုင်တယ်လေ။”

လူငယ်မဲဆန္ဒရှင်များနှင့် ၎င်းတို့၏မိဘများသည် စစ်မှုမထမ်းမနေရဥပဒေကို အဆုံးသတ်မည့် Move Forward ပါတီ၏ မူဝါဒကို ကြိုက်နှစ်သက်ကြပြီး ယင်းမူဝါဒကို ယခုအချိန်တွင် Pheu Thai က မူဝါဒတရပ်အဖြစ် ကျင့်သုံးခဲ့သည်။ Move Forward ၏ တိုးတက်သော စစ်တမ်းမှတ်တမ်းများသည် Pheu Thai နှင့် ညွန့်ပေါင်းအစိုးရဖွဲ့ခြင်းဆိုင်ရာ ကိစ္စရပ်ကို အထောက်အကူ ဖြစ်စေနိုင်ပြီး အမတ်နေရာအများစုကို အနိုင်ရရန် မဲမရရှိပါက၊ Move Forward ပါတီသည် စစ်အာဏာရှင်အစိုးရ၏ အစိတ်အပိုင်း မဟုတ်သည့် အတိုက်အခံပါတီများနှင့် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်မည်ဖြစ်ကြောင်း ပီတာက Nikkei Asia သို့ ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ထားသော လက်ရှိအစိုးရသည် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်ခဲ့သော ယခင်စစ်ခေါင်းဆောင်များက ဦးဆောင်သည်။

သဘောထားပျော့ပျောင်းသော မဲဆန္ဒရှင်များသည် ဘုရင်စနစ်ကို ဝေဖန်လျှင် ရာဇဝတ်မှုသင့်သည်ဆိုသည့် ဥပဒေများကို ပြင်ဆင်ရန် နှင့် ဘုရင်ကိုစော်ကားသည်ဟု စွပ်စွဲချက်ဖြင့် အကျဉ်းကျနေသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဥပဒေများအတွက် Move Forward ပါတီ၏ အဆိုပြုချက်ကို သတိထားနေကြဆဲဖြစ်ပြီး၊ အဆိုပါပြင်ဆင်ချက်သည် ထိုင်းနိုင်ငံသားများထက် တော်ဝင်နန်းတော်ကသာ တိုင်ကြားခွင့်ပြုမည်ဖြစ်သော်လည်း ပြိုင်ဘက်များက Move Forward ပါတီကို ဘုရင်မင်းမြတ် ဆန့်ကျင်ရေး လုပ်နေသည်ဆိုသည့် တံဆိပ်တပ် တိုက်ခိုက်ကြသည်။ The Nation ၏ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုတွင် ဖြေဆိုသူ သုံးပုံတစ်ပုံခန့်က ၎င်းတို့သည် မည်သည့်ပါတီကို မဲပေးရန် မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။ ဒီမိုကရေစီလိုလားသူအချို့က စစ်တပ်နှင့် ဆက်နွှယ်နေသောအစိုးရကို အဆုံးသတ်စေရန်အတွက် Move Forward ပါတီထက် ဖြူထိုင်းပါတီကို မဲပေးနိုင်သည်။

ပါလီမန်စနစ်တွင် သင်သည် သင်၏ အကြံဉာဏ်များနှင့် အခြားသူများကို ပြိုင်ဆိုင်ပြီး၊ ပြည်သူများက ထိုယှဉ်ပြိုင်မှုအတွင်း ရွေးချယ်စရာများကို ပိုမိုရရှိသင့်သည်” ဟု ပီတာက ပြောကြားခဲ့သည်။

“ ဒါဟာ ရွေးချယ်စရာတွေကို တိုးလာစေတယ်။ အထူးသဖြင့် ပထမအကြိမ် ဒါမှမဟုတ် ဒုတိယအကြိမ် မဲပေးတဲ့ လူငယ် ၇ သန်းလောက်က မဲဆန္ဒရှင် ၈၀ ရာခိုင်နှုန်းလောက် ရှိခဲ့ပြီး ဒီအချက်ဟာ ဒီမိုကရေစီကို လေးစားလိုက်နာတဲ့ ပါတီတိုင်းအတွက် ကောင်းပါတယ်။” ဟု ပီတာက ဆိုသည်။


ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ အတိုက်အခံများ၏ အင်အားစုများသည် အခြားပါတီတစ်ခု ပြိုကွဲမည် သို့မဟုတ် စစ်တပ်အာဏာသိမ်းမှု နောက်တဖန်ဖြစ်လာမည်ကို စိုးရိမ် ကြောက်ရွံ့လာခဲ့သည်။ “ ပါတီဖျက်သိမ်းခံရရေး နဲ့ပတ်သက်ပြီး ကျွန်တော်စိတ်မပူပါဘူး၊ ဒါပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ ဒီမေးခွန်းကို ထပ်မမေးသင့်တော့ပါဘူး” ဟု ပီတာက ပြောပါသည်။ “ မဲက ကျည်ဆန်ထက် ပိုအားကောင်းတယ် ဆိုတာကို ကမ္ဘာကို ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါကြောင့် ဒီဆိုးဆိုးရွားရွား စစ်တပ်အာဏာသိမ်းမှု သံသရာကနေ လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ မြန်မာသတင်း

ကျရှုံးနိုင်ငံ ဘာကြောင့် ဖြစ်လာရသလဲ။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 23 Views
အထူးဆောင်းပါး။ ဆောင်းပါးရှင် မြားနတ်မောင် မျှဝေပါသည်။ မြန်မာနိုင်ငံကျဆုံးနိုင်ငံဖြစ်လာရတာ စစ်တပ်က မိမိအလုပ်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးကို အာရုံမစိုက်ခဲ့ဘဲ စစ်ခေါင်းဆောင်အဆက်ဆက် တိုင်းပြည်ကို လက်ပြောင်း
ဆောင်းပါးများ နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံက အကျင့်ပျက် ဗုဒ္ဓဘာသာဘုန်းကြီးဆိုးများ

  • 2024 ခုနှစ်၊ ဩဂုတ်လ 27 ရက်
  • 44 Views
သတင်းဆောင်းပါး ABC ဗီဒီယိုသတင်းက နိုင်ငံခြားသတင်းထောက် Foreign Correspondent- Lauren Day က တင်ပြခဲ့တဲ့ Sex, drugs,
ဆောင်းပါးများ နည်းပညာ ဘာသာပြန်ဆောင်းပါး မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ

  • 2024 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 258 Views
‘အနစ်နာခံရပ်ဝန်း’ မြန်မာနိုင်ငံသည် ပြည့်ဖြိုးမြဲစွမ်းအင်၏ ဘေးဒဏ်ကို ခံစားနေရသည်။ အေပီ သတင်းထောက်များဖြစ်သော DAKE KANG၊ VICTORIA MILKO နှင့် LORI HINNANT တို့မှ ၂၀၂၂ခုနှစ် သြဂုတ် ၁၀ရက်နေ့ တွင်ရေးသားသည့် ‘The
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 254 Views
ခရီးစထွက်ပြီဒီဇင်ဘာလ (၁၅) ရက်နေ့မနက်မှာ စမ်းစမ်းတို့ချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားကြတယ်။ ငြိမ်းချမ်းက သက်သတ်လွတ်ဆိုတော့ သူ့အတွက် ပဲပုတ်ဟင်းချက်ပေးတော့ သူက အများကြီးစားတယ်။ လမ်းပြအဖြစ် တာဝန်ယူပေးမယ့် ကိုအောင်မြင့်မြတ် စီစဉ်ပေးတဲ့ကားနဲ့ အူဆာဂီ၊ ငြိမ်းချမ်းနဲ့ ကျနော်တို့ အိုက်ဇောကနေ
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ရုပ်သံဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 167 Views
ဒီခရီးစဉ် အပိုင်း (၂) မှာတော့ မင်းတပ်မြို့နယ်၊ ဝမ္မတူရွာမှာရှိတဲ့ စစ်လော်ဘီတွေက တော်လှန်ရေး သမားတွေကို ဆေးကုပေးနေတယ်ဆိုပြီး ဗုံးကြဲဖို့ အကြိမ်များစွာ တိုက်တွန်းခံခဲ့ရတဲ့ ဝမ္မတူဆေးရုံကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုယောမန်တို့ ရဲ့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့တွေ့ဆုံခဲ့ပါတယ်။
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၁)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 200 Views
၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့အရေးကို မှတ်တမ်းတင်နေသူ ကျနော့်မိတ်ဆွေ ဂျပန်ဗီဒီယိုသတင်းသမား အာဆာဘီနဲ့ မဲဆောက်မြို့ကိုလာရောက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေစဉ် ဂျပန်ဝါရင့်သတင်းသမား အူဆာဂီတို့အဖွဲ့နဲ့ ၂၀၂၂ ခုနှစ်မှာ မဲဆောက်မြို့မှာ တွေ့ရှိခင်မင်ခဲ့ကြပြီး ဘန်ကောက်ရောက်တဲ့အခါ ပြည်တွင်းက ထွက်ပြေးလာတဲ့ ကျောင်းဆရာ
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 145 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း(နောက်ဆုံးပိုင်း)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 121 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းကို တင်ဆက်ပေးမှာပါ။ ဆောင်းပါးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ဖက်ဒရယ်နောက်ခံသမိုင်းအကြောင်း၊ ဖက်ဒရယ်ကို အတားအဆီးဖြစ်နေတဲ့ အချက် ၃ ချက်ဖြစ်တဲ့ ဗမာမုန်းတီးရေး၊ လူမျိုးစုတစ်ခု