နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

ဆောင်းပါးများ

ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

မြေရှားသတ္ထုတွင်းထွက်သတ္တုများဆိုသည်မှာ ဘယ်အရာကို ဆိုလိုသနည်း၊ ၎င်းတို့သည် ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲတွင် အဘယ်ကြောင့် အဓိကကျသနည်း။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ရက်

တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတွင် အဓိကအတားအဆီးတစ်ခု ရှိသည်။ ထိုအရာမှာ မြေရှားသတ္တုများ ဖြစ်သည်။

ပြီးခဲ့သည့်လတွင် သမ္မတဒေါ်နယ်ထရန့်က အမေရိကန်သည် ဂရင်းလန်း (Greenland) ကို “ အလွန်အမင်းလို အပ်သည်” ဟု ပြောကြားခဲ့သည်။ ဂရင်းလန်းသည် သယံဇာတပေါကြွယ်ဝသောကျွန်းဖြစ်ပြီး ၎င်း၏ရေခဲလွှာအောက်တွင် မြေရှားသတ္ထုဒြပ်စင်များ ပါ၀င်သည့် အရေးကြီးသော သတ္တုဓာတ်များ ကြွယ်ဝစွာရှိသည်။ ထရန့်သည် ယူကရိန်းနှင့် “မြေရှားသတ္ထု သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့သည်။

မြေရှားသတ္တုများနှင့်ပတ်သက်၍ ပြိုင်ဆိုင်မှုသည် လက်ရှိ အုပ်ချုပ်မှုမတိုင်မီကပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်း၏ ပိုမိုကျယ်ပြန့်သော စက်မှုမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပစ္စည်းများအားလုံးကို အလုံးစုံထိန်းချုပ်နိုင်စေရန် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သည်။

မြေရှားသတ္တုဆိုသည်မှာ အဘယ်နည်း၊ ၎င်းတို့သည် အမှန်တကယ် ‘ရှားပါးပါသလော။’

မြေရှားသတ္တုများသည် စကန်ဒီယမ် (scandium)၊ ယက်ထရီယမ်(yttrium) နှင့် လန်သနိုက်များ (lanthanides) ဖြင့် ဖွဲ့စည်းထားသော အလှည့်ကျဇယားတွင် ပါဝင်သည့် သတ္တုဒြပ်စင် ၁၇ မျိုးဖြစ်သည်။

“မြေရှားသတ္တုများ” ဟူသောအမည်သည် ကမ္ဘာမြေကြီးတစ်ခုလုံးတွင် တွေ့ရှိရသည့် အရာဖြစ်သောကြောင့် အနည်းငယ် လွဲမှားနေပါသည်။ ၎င်းတို့သည် ရွှေထက် ပိုမိုပေါများ သော်လည်း ၎င်းတို့သည် ထုတ်ယူရန် ခက်ခဲပြီး ငွေကုန်ကြေးကျများကာ ယင်းတို့ကို ထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေပါသည်။

စမတ်ဖုန်းများမှ လေအားလျှပ်စစ်ထုတ်တာဘိုင်အထိ LED မီးများနှင့် မျက်နှာပြင်ပြားတီဗီများအထိ ကျွန်ုပ်တို့ နေ့စဉ် မှီခိုနေရသော နည်းပညာများတွင် မြေရှားသတ္တုများသည် နေရာအနှံ့တွင် ရှိသည်။ ၎င်းတို့သည် လျှပ်စစ်ကားများတွင် ဘက်ထရီအပြင် MRI စကင်နာများနှင့် ကင်ဆာကုသမှုများအတွက်လည်း အရေးကြီးပါသည်။

မြေရှားသတ္တု များသည် အမေရိကန်စစ်တပ်အတွက် မရှိမဖြစ် လိုအပ်သည်။ ၎င်းတို့ကို F-35 တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ လေဆာများ၊ ဂြိုလ်တုများ၊ Tomahawk ဒုံးကျည်များနှင့် အခြားအရာများတွင် အသုံးပြုကြောင်း CSIS ၏ ၂၀၂၅ သုတေသနမှတ်စုအရ သိရသည်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီမှ တူးဖော်ရရှိသည့် မြေရှားသတ္တုရိုင်းထုတ်လုပ်မှု၏ ၆၁ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှ ဖြစ်ပြီး နိုင်ငံသည် ပြုပြင်ထုတ်လုပ်ဆဲအဆင့်တွင် ကမ္ဘာ့ထွက်ကုန် ၉၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း သိရသည်။

၎င်းတို့၏ အက်တမ်အလေးချိန်ဖြင့် အမျိုးအစားခွဲထားသော မြေရှားသတ္တုအမျိုးအစား နှစ်မျိုးရှိသည်။ လေးလံသည့်အမျိုးအစားနှင့် ပေါ့ပါးသည့်အမျိုးတို့ ဖြစ်သည်။ မြေရှားသတ္တုများသည် ပိုမိုရှားပါးလာပြီး ထုတ်ယူပြီးနောက် မြေရှားသတ္တုများကို ခွဲထုတ်ရန် ခက်ခဲသောအလုပ်အတွက် အမေရိကန်တွင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။

“နောက်နှစ်မစခင်အထိ ကယ်လီဖိုးနီးယားမှာ တနှစ်ပတ်လုံး သတ္တုတူးဖော်လို့ရတဲ့ မြေရှားသတ္တုတွေကို ခွဲထုတ်ဖို့ တရုတ်နိုင်ငံကို ပို့နေရတုန်းပါပဲ” ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာမှ အ‌ရေးကြီးသော တွင်းထွက်များ လုံခြုံရေးအစီအစဥ် (Critical Minerals Security Program) ၏ ဒါရိုက်တာ ဂရေးဆလင်း ဘတ်စ်ကာရန် (Gracelin Baskaran) က CNN သို့ ပြောကြားခဲ့သည်။

သို့သော်လည်း ဧပြီလတွင် တရုတ်နိုင်ငံအပေါ် မြင့်မားသော စည်းကြပ်ခွန်များ ကောက်ခံမည်ဟု ထရမ့်အစိုးရ၏ ကြေညာချက်က ဤလုပ်ငန်းစဉ်ကို လမ်းချော်သွားခဲ့သည်။ “တရုတ်က ဒါကို လက်နက်အဖြစ် ထုတ်သုံးဖို့ ဆန္ဒရှိကြောင်း ပြသခဲ့ပါတယ်” “အမေရိကန်က မြေရှားသတ္တု ခွဲထုတ်မှုအတွက် တရုတ်အပေါ် မှီခိုနေရတယ်” ဟု သူမက ပြောပါသည်။

ဘတ်စ်ကာရန်၏အဆိုအရ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် မြေရှားသတ္တု တူးမိုင်းတစ်ခုရှိသည်။

ပြီးခဲ့သည့်လက ချမှတ်ထားသည့် ကုန်သွယ်ရေးအပစ်အခတ်ရပ်စဲရေးကို “တရုတ်နိုင်ငံက ချိုးဖောက်ခဲ့တယ်” ဟု Truth Social ၌ သောကြာနေ့တွင် ထရန့်က ပြောကြားခဲ့သည်။ ဘေဂျင်းသည် ဧပြီလတွင် ကြေညာခဲ့သော တရုတ်ကုန်ပစ္စည်းများအပေါ် ထရန့်၏ “အပြန်အလှန်အခွန်စည်းကြပ်မှု” ကို တုံ့ပြန်သည့်အနေဖြင့် ရှုမြင်ခံရသည့် မြေရှားသတ္တု တွင်းထွက်များနှင့် ဆက်စပ်ထုတ်ကုန် ခုနစ်မျိုးအပေါ် တင်ပို့မှုကို ထိန်းချုပ်ထားသည်။ ဂျနီဗာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက်တွင် အမေရိကန် တာဝန်ရှိသူများက အဆိုပါ တွင်းထွက်ပစ္စည်းများအပေါ် တင်ပို့မှု ကန့်သတ်ချက်များကို တရုတ်က ဖြေလျှော့ပေးမည်ဟုမျှော်လင့်ခဲ့သည်။

အမေရိကန်သည် မြေရှားသတ္တု များအတွက် တရုတ်နိုင်ငံအပေါ် ကြီးကြီးမားမား မှီခိုနေရသောကြောင့် ပို့ကုန်ထိန်းချုပ်မှုများသည် ကြီးမားသော သက်ရောက်မှုရှိနိုင်သည်။ ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်မှ မြေရှားသတ္တု ဒြပ်ပေါင်းများနှင့် သတ္တုတင်သွင်းမှု ၇၀% သည် တရုတ်နိုင်ငံမှ လာသည်ဟု အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ အစီရင်ခံစာအရ သိရသည်။

အင်္ဂါနေ့က အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ် (Karoline Leavitt) က “ဂျနီဗာကုန်သွယ်ရေးသဘောတူညီချက်ကို တရုတ်အစိုးရက တက်ကြွစွာ စောင့်ကြည့်နေပါတယ်” နှင့် အမေရိကန်အရာရှိများသည် “သူတို့ရဲ့ တရုတ်လုပ်ဖော်ကိုင်ဖက်တွေနဲ့ စာပေးစာယူဆက်သွယ်မှုတွေ ဆက်လက်ရရှိနေတယ်” ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအပြင် ယူကရိန်း၊ ဂရင်းလန်းနှင့် ဆော်ဒီအာရေဗျတို့နှင့်အတူ အမေရိကန် နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များတွင်လည်း မြေရှားသတ္တုများကို ဖော်ပြထားပါသည်။

“ယူကရိန်းက အလွန်နောက်ကျပြီးမှ စတင်အခြေတည်တဲ့ သတ္တုတွင်းလုပ်ငန်းဖြစ်ပြီး အဲ့ဒါက စကားပြောဆိုနေမှုအဖြစ်နဲ့သာ ရှိသေးပြီး၊ ကျွန်မတို့မှာ စီးပွားရေးအရ အကျုံးဝင်မယ့်အရာတွေကို လက်တွေ့တွင် ပုံဖော်နိုင်တာ မရှိသေးပါဘူး” ဟု ဘတ်စ်ကာရန်မှ ပြောကြားခဲ့သည်။

CNN အင်္ဂလိပ်သတင်း။

မြေရှားသတ္တုနှင့်ပတ်သက်ပြီး “မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ” ဆောင်းပါးကို မှီငြမ်းလိုပါက ခေတ်မျက်လုံး၏ အောက်ကလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဓာတ်ပုံများ။

ဂရင်းလန်း

တွင်းထွက်များ လုံခြုံရေးအစီအစဥ် (Critical Minerals Security Program) ၏ ဒါရိုက်တာ ဂရေးဆလင်း ဘတ်စ်ကာရန် (Gracelin Baskaran)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 70 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 71 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 68 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 69 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက