နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နိုင်ငံတကာသတင်း အမေရိကန်

“ သမ္မတထရမ့် ကျရှုံးလိမ့်မယ်”

ဆိုဗီယက်ယူနီယံ ပြိုကွဲတော့မှာကို ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့သူ ပြင်သစ်ပညာရှင် အီမယ်နျူရယ်တော့(ဒ) ဘယ်လို သုံးသပ်သွားပါသလဲ။

ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ပြန်လည်အရွေးခံရပါတယ်။ သမ္မတရွေးကောက်ပွဲမှာ လွှမ်းမိုးအောင်ပွဲခံမှုရဲ့ နောက်ကွယ်မှာ ဘာတွေရှိသလဲ။ အနာဂတ်မှာ ထရမ့်အစိုးရအနေနဲ့ ဘာတွေဖြစ်လာမလဲ။ ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်ထုတ် AERA မဂ္ဂဇင်းက ပြုလုပ်ခဲ့တဲ့ အီမယ်နျူရယ်တော့(ဒ) (Emmanuel Todd) နဲ့ သီးသန့်အင်တာဗျူးကို ဂျပန်သာသာမှ ပြန်ဆိုထားပါတယ်။

ပြင်သစ်လူမျိုး အီမယ်နျူရယ်တော့(ဒ) ကို ၁၉၅၁ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ဖွားမြင်ခဲ့ပါတယ်။ ပြင်သစ်သမိုင်းပညာရှင်၊ မနုဿဗေဒပညာရှင်၊ လူဦးရေစာရင်းပညာရှင်၊ လူမှုရေးပညာရှင်နဲ့ ပါရီရှိ National Institute of Demographic Studies (INED) က နိုင်ငံရေးသိပ္ပံပညာရှင်ဖြစ်ပါတယ်။ သူက ဆိုဗီယက်ယူနီယံ ပြိုကွဲတော့မှာကို ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့သူ ဖြစ်ပါတယ်။

“ သမ္မတထရမ့် ကျရှုံးလိမ့်မယ်”

ထရမ့်ဟာ ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရပြီး သမ္မတဖြစ်လာပါတယ်။

ထရမ့်ဟာ သမ္မတအဖြစ်နှစ်ကြိမ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ တစ်ကြိမ်နဲ့ အခု တစ်ကြိမ်ပေါ့။ ပထမအချက်အနေနဲ့ ဒီရွေးကောက်ပွဲနှစ်ခုကြားက ဘာတွေ အပြောင်းအလဲတွေ ဖြစ်ခဲ့လဲ ဆိုတာ သုံးသပ်ချင်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ထရမ့်ဟာ ရွေးကောက်ပွဲကို ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပါတယ်။ လူအများစုက သူ့ကို သမ္မတဖြစ်လာမယ်လို့ မထင်ခဲ့ကြပါဘူး။ ထရမ့်ကိုယ်တိုင် မပြင်ဆင်ထားတာကြောင့် အမေရိကန်စနစ်ကို မထိန်းချုပ်နိုင်ခဲ့တာဟာ သဘာဝကျပြီး တစ်နည်းအားဖြင့် “ အားနည်းတဲ့သမ္မတ” အဖြစ် ရွေးချယ်ခံရတာ သဘာဝကျပါတယ်။ အဲ့ဒီအချိန်မှာ အမေရိကန်ရဲ့ ဗိုလ်ကျမှုကို ဘယ်သူကမှ ဂရုမစိုက်ကြဘဲ လူအနည်းငယ်က အဲ့ဒါကို မေးခွန်းထုတ်ကြသည်။ ဒါပေမဲ့ အခုတစ်ကြိမ်က ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ သူက ရွေးကောက်ပွဲ ကိုယ်စားလှယ် မဲအရေအတွက်သာမက လူထုပေးတဲ့ မဲအရေအတွက်မှာပါ အနိုင်ရရှိခဲ့တာကြောင့် အရင်တခါလို ပွတ်ကာသီကာ မဟုတ်ဘဲ သေသေချာချာ အရွေးခံရတာဖြစ်ပါတယ်။
 
ထရမ့်ဟာရဲ့ ရွေးကောက်ပွဲရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့ ထရမ့်ဟာ အနိုင်ရသွားတာ မဟုတ်ဘဲ ကာမလာဟဲရစ်စ် ရှုံးသွားတာကို သတိထားမိပါတယ်။ ကာမလာဟဲရစ်စ်ရဲ့ မဲဆွယ်စည်းရုံးမှုမှာ အမှားများစွာ ပြုလုပ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဆန်းစစ်ချက်ကတော့ ဒီမိုကရက်တစ်ပါတီက တင်ပြတဲ့ အကြောင်းအရာတွေဟာ ဒီနေ့ အမေရိကန်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ လုံးဝသက်ဆိုင်တာ မရှိပါဘူး။ အမေရိကန်တွေဟာ အစားအသောက်နဲ့ အိမ်ငှားရမ်းခတွေ မြင့်တက်လာတာစတဲ့ ပြဿနာအမျိုးမျိုးနဲ့ ရုန်းကန်နေရတဲ့ သာမန်အမေရိကန်တွေကို မဲဆွယ်ရာမှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်နေတာကြောင့် သာမန်အမေရိကန်ရဲ့ ခံစားချက်နဲ့ ထပ်တူမကျခဲ့ပါဘူး။

ဒါကြောင့် ပြဿနာက ထရမ့်ကို အကြီးအကျယ် အားပေးတာမျိုး မဟုတ်ဘဲ ဒီမိုကရက်တစ်ပါတီကို စိတ်ပျက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ထရမ့်က အပြတ်အသတ် အောင်ပွဲခံခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် အမေရိကရဲ့ ဉာဏ်ရည်ဉာဏ်သွေး ပြန်လည်နိုးကြားလာမျိုးကိုတော့ မခံစားရပါဘူး။

သမ္မတထရမ့်က သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ “ ရွှေခေတ်စတင်နေပြီ” လို့ ပြောကြားခဲ့သော်လည်း အဲ့ဒီလို ဖြစ်လာမယ်ဆိုတာ မှန်ကန်ကြောင်း သက်သေပြနိုင်မလား။

သမ္မတထရမ့် ကျရှုံးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကို မပြောမီ ကျွန်တော်ရဲ့ သုံးသပ်ချက်ဟာ ပုံမှန်အယူဝါဒပေါ်တွင် အခြေခံထားတာ မဟုတ်တာကို နားလည်နိုင်စေဖို့ ကျိုးကြောင်းဆီလျော်စွာ တွေ့ရှိခဲ့တဲ့ အချက်အချို့ကို ထောက်ပြလိုပါတယ်။

ပထမဦးစွာ ထရမ့်က အမေရိကန်ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အခက်အခဲရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ တစ်နည်းဆိုရရင် ထရမ့်က အမေရိကန် ရင်ဆိုင်နေရသော တကယ့်ပြဿနာတွေကို သတိပြုမိပါတယ်။

လူ့လောကမှာ ကျားနဲ့ မ နှစ်မျိုးသာ ရှိတယ်လို့ ထရမ့်က ဆိုပါတယ်။ မနုဿဗေဒပညာရှင်တစ်ယောက်အနေနဲ့ အမျိုးသားနဲ့ အမျိုးသမီးအပေါ် ကျွန်တော့်ရဲ့ အတွေးအမြင်တွေကို မျှဝေချင်ပါတယ်။ မနုဿဗေဒပညာရှင်ကြီး Margaret Mead က သူမရဲ့ “ Male and Female” စာအုပ်မှာ အမျိုးသားနဲ့ အမျိုးသမီးတို့ဟာ လူ့အဖွဲ့အစည်းကို ဖွဲ့စည်းတည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တယ်လို့ ဆိုထားပါတယ်။ ကျွန်တော်က လစ်ဘရယ်အမြင်ရှိတဲ့ ပြင်သစ်လက်ဝဲဝါဒီတစ်ဦးဖြစ်တာကြောင့် ကျွန်တော့မှာ လိင်တူချစ်တာကို ဆန့်ကျင်တဲ့ စိတ်ဓာတ် မရှိပါဘူး။ မေးခွန်းက မနုဿဗေဒရှုထောင့်ကနေ ကျား၊မ ရေးရာကို ဘယ်လို တွေးခေါ်မလဲ။ လူသားမှာ ကျား ၊မ ဆိုပြီး နှစ်မျိုးသာ ရှိတယ်ဆိုတာက “ သာမန်အသိ” လို့ ဆိုနိုင်ပါတယ်။

ထရမ့်က “ ကာကွယ်ရေးဝါဒ” အကြောင်းကိုလည်း ပြောခဲ့ဖူးပေမယ့် အမေရိကန်စက်မှုလုပ်ငန်းဟာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် လုံးလုံးလျားလျား ပျက်စီးသွားတဲ့အတွက် အလုပ်သမားလူတန်းစားကို ကာကွယ်ပေးတဲ့ ကာကွယ်ရေးဝါဒဟာ သာမာန်သဘောလို့ ထင်ပါတယ်။

ဒါ့အပြင် စစ်ပွဲမှာ ပါဝင်ပတ်သက်မှုကို ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးကို ရှာဖွေခြင်းတာဟာလည်း “ သာမန်အသိတရား” အဆိုပြုချက်လို့ ဆိုနိုင်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေမှာလည်း ဒီလိုပဲ ထင်ပါတယ်။ သေချာပါတယ်၊ သူရဲ့ ပြောဆိုပုံဟာ လူသားမဆန်ပေမဲ့ သူ့ရဲ့ တွေးခေါ်ပုံက ဘယ်ကလာတယ်ဆိုတာ စဉ်းစားကြည့်ရင် နယ်စပ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောရရင်လည်း သာမန်အသိကနေ လာတယ်လို့ ထင်ပါတယ်။ ထရမ့်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ပြောရရင် သာမန်အသိတရားကလာတဲ့ မူဝါဒ တော်တော်များများရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူ ကျရှုံးလိမ့်မယ်လို့ ထင်ပါတယ်။

■ ထရမ့်အစိုးရရဲ့ အနာဂတ်

ကျရှုံးမှုအတွက် အခြေခံအချက်အလက်တွေက ဘာလဲ။

ပထမအချက်က စီးပွားရေးပြဿနာပါ။ ဂျာမန်စီးပွားရေးပညာရှင် Friedrich List က အကာအကွယ်ပေးရေးဝါဒအတွက် အရေးကြီးဆုံးအရာက ကျွမ်းကျင်လုပ်သားတွေ ရှိနေဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒါပါမဲ့လည်း လက်ရှိမှာ အမေရိကနိုင်ငံမှာ ကျွမ်းကျင်လုပ်သားတွေ ရှားပါးနေပါတယ်။ ထရမ့်ရဲ့ အကာအကွယ်ပေးရေးမူဝါဒတွေ ရှေ့ဆက်နေရင်တောင် ထိရောက်စွာ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်။

ဥပမာအားဖြင့်ပြောရရင် အမေရိကန်နဲ့ ရုရှားတို့ရဲ့ စက်မှုတည်ဆောက်ပုံတွေကို ကြည့်ရင် သူတို့ရဲ့ သဘာဝအရင်းအမြစ်တွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပါဝင်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ ရုရှားလူဦးရေရဲ့ နှစ်ဆကျော်ရှိပေမဲ့ ရုရှားထက် အင်ဂျင်နီယာတွေ နည်းတာကို တွေ့ရပါတယ်။ နှစ်နိုင်ငံကြား ကွာခြားချက်မှာ လုပ်သမား အင်အားစု ဖြစ်ပါတယ် ကျွမ်းကျင်လုပ်သားတွေ ရှိနေလား မရှိဘူးလားကို ပြောလိုတာပါ။ အမေရိကန်အင်ပါယာမှာ Anglo-Saxon နိုင်ငံတွေ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ အခြားနိုင်ငံတွေ ပါဝင်ပေမဲ့ အီလက်ထရွန်းနစ်နဲ့ စက်ကိရိယာတွေ အပါအဝင် ခေတ်မီစက်မှုလုပ်ငန်းတွေမှာ ထုတ်လုပ်မှုကို ဖြန့်ကျက်ကြည့်ရှုလိုက်ရင် ပတ်ဝန်းကျင်ဒေသတွေမှာ ရှင်သန်ကြီးထွားနေချိန် အမေရိကန်ပြည်ထောင်စုမှာတော့ အခေါင်းပေါက်ဖြစ်နေတာကို တွေ့ရှိရပါတယ်။ အမေရိကရဲ့ အသွေးအသားတွေဟာ အမေရိကန်ရဲ့ ကိုယ်ခန္ဓာမှာ စုမနေဘဲ ပြန့်ကျဲသွားနေသလို ပုံစံမျိုးပေါ့။

အစ္စရေးကိုလည်း အမေရိကန်အင်ပါယာရဲ့ အစိတ်အပိုင်းတစ်ခုလို့ ယူဆနိုင်ပြီး အမေရိကန်ဟာ အစ္စရေးရဲ့ နည်းပညာအချို့အပေါ် လုံးလုံးလျားလျား မှီခိုနေရပါတယ်။ ဒီတော့ ဗဟိုအားနည်းမှု ပြဿနာရှိတယ်။ ဒါကြောင့် ကျွမ်းကျင်လုပ်သားမရှိတဲ့ အားနည်းတဲ့ အမေရိကန်ကို အကာအကွယ်ပေးရေးဟာ အလွန်ခက်ခဲမှာဖြစ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပြိုင်ဆိုင်မှု ပြဿနာတွေကြောင့် အမေရိကန်က သူ့ရဲ့အင်အား ဆုံးရှုံးသွားတယ်လို့ ထရမ့်က ယုံကြည်နေပေမဲ့ အမှန်တကယ် ပြဿနာက ပြည်တွင်းပြိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။

ဒုတိယပြဿနာမှာ ဒေါ်လာလွှမ်းမိုးမှု ဖြစ်ပါတယ်။ ထရမ့်က တရုတ်နဲ့ ရုရှားအပါအဝင် ထွန်းသစ်စနိုင်ငံကြီးများ အုပ်စုဖြစ်တဲ့ BRICS ကို ခြိမ်းခြောက်ပြီး အဖွဲ့ဝင်နိုင်ငံတွေကို ဒေါ်လာကနေ နှုတ်ထွက်မယ်ဆိုရင် 100% အခွန်စည်းကြပ်မယ်လို့ ခြိမ်းခြောက်နေပေမဲ့ အမေရိကန်ပြည်ထောင်စုအတွင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့ ဒေါ်လာလွှမ်းမိုးမှုက အဓိကအချက် ဖြစ်ပါတယ်။

ဆိုလိုတာက အဆင့်မြင့် ပညာတတ်တွေ အများအပြား ရှိပေမယ့် သူတို့ကလည်း အဲ့ဒီဒေါ်လာတွေနဲ့ နီးစပ်တဲ့ အလုပ်အကိုင်တွေမှာပဲ အလုပ်လုပ်ကြပါတယ်။ အင်ဂျင်နီယာဆိုတာထက် ဘဏ္ဍာရေးလို ကဏ္ဍတွေက အလုပ်အကိုင်တွေဆီ ဦးတည်တဲ့လမ်းကြောင်းက အမေရိကန်ရဲ့ အင်ဂျင်နီယာ ပြတ်လပ်မှုကို ဘယ်တော့မှ မဖြေရှင်းနိုင်ဘဲ ပိုဆိုးသွားစေပြီး အမေရိကန်ရဲ့ မအောင်မြင်မှုကို ဆက်လက်တည်မြဲစေပါတယ်။ တကယ်တမ်းကတော့ ထရမ့်က ဘာမှမသိပါဘူး။ “ Common Sense (သာမန်အသိတရား)” တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့တော်အဖြစ် စီမံကိန်းသည် ‘ချွေးတပ်စခန်း ‘ ဖြစ်လာမည်ဟု အစ္စရေးခေါင်းဆောင်ဟောင်းက ပြောကြား

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 22 Views
CNN – ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ရက် ဂျေရုဆလင် CNN — ပါလက်စတိုင်းထောင်ပေါင်းများစွာကို ထားရှိရန် ရည်ရွယ်ထားသည့် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ “မြို့” ဆိုသည်မှာ “ချွေးတပ်စခန်း”တခု ဖြစ်လာမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဟောင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်သည် ယူကရိန်းသို့ လက်နက်များ ပေးပို့မည့် အစီအစဉ်သစ်ကို ကြေညာပြီး ရုရှားကို ငြိမ်းချမ်းရေးရယူရန် နောက်ဆုံးရက်အသစ်သတ်မှတ် ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 15 Views
CNN —ဇူလိုင် ၁၄၊ ၂၀၂၅ ရုရှားသမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် ရုရှားအား ဖိအားပေးရန် ရည်ရွယ်ထားသည့် အဆင့်နှစ်ဆင့်ဖြစ်သည့် ကိယက်ဗ်မြို့သို့ လက်နက် အသစ်များ ဖြန့်ကျက်ခြင်းနှင့် ရက်ပေါင်း ၅၀ အတွင်း ငြိမ်းချမ်းရေးမရပါက
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 40 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ ဝေဖန်ခံနေရသည့် အထီးကျန်ဆန်နေသည့် တပ်မတော်အစိုးရအား အသိအမှတ်ပြုလိုက်သည့်စာအဖြစ် ကြိုဆိုလိုက်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

စုတ်ပြတ်သတ်နေသော်လည်း ဦးကျိုးမသွားဘဲ ဟားမတ်စ်သည် ပျောက်ကျားနည်းဗျူဟာများကို အသုံးပြုပြီး သတ်ဖြတ်နိုင်သည့် အင်အားရှိနေဆဲဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 20 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်။ ဂါဇာကမ်းမြောင်ဒေသတွင် အသေအပျောက်ရှိသော အံ့အားသင့်ဖွယ် တိုက်ခိုက်မှုသည် ၎င်း၏တည်ရှိသည့်နေရာနှင့်အတူ တုန်လှုပ်ဖွယ်ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ တနင်္လာနေ့ညတွင် အစ္စရေးစစ်သားတစ်စုသည် နယ်စပ်စည်းရိုးမှ တစ်မိုင်ခန့်အကွာတွင် တင့်ကားများနှင့် သံချပ်ကာယာဉ်များ အသုံးပြုသော လမ်းကြောင်းအတိုင်းဖြတ်၍
နိုင်ငံတကာသတင်း အမေရိကန်

လုံလောက်သော အကြောင်းပြချက်မရှိဘဲ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးခြင်းကို ရပ်တန့်ရန် ထရန့် အစိုးရအား တရားသူကြီးက အမိန့်ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 25 Views
CNN -၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၁ရက် အမိမြေလုံခြုံရေးဌာနသည် လော့စ်အိန်ဂျလိစ်တွင် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများကို ဖြစ်နိုင်ဖွယ်အကြောင်းမရှိဘဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို ဖက်ဒရယ် အောက်ရုံး တရားသူကြီးတစ်ဦးက သောကြာနေ့တွင် တွေ့ရှိခဲ့ပြီး လူတစ်ဦးချင်းစီကို လူမျိုး၊ စကားပြောဘာသာစကား သို့မဟုတ်
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲပြည်သို့ ကျရောက်နေပါသည်။ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 45 Views
ဤဆောင်းပါးသည် Wedge online တွင် ဖော်ပြသည့် အိုကာဇာကီအင်စတီကျူမှ ရေးသားသည့် မြန်မာနိုင်ငံအတွက် သုံးသပ်ချက်ဖြစ်သည်။ အိုကာဇာကီအင်စတီကျူ ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟီဆာဟီကို အိုကာဇာကီ (Hisahiko Okazaki) သည် ဆော်ဒီအာရေးဗီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ