နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

1027 Operations

1027 Operations Burma Civil War

ကောလင်းမြို့ ခရိုင်ထွေအုပ်ရုံးမှာ ပြည်သူ့တော်လှန်ရေး အလံလွှင့်ထူနိုင်ကြောင်း MOD ထုတ်ပြန်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့မှာ ကောလင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ ပြည်သူ့တော်လှန်ရေးအလံလွှင့်ထူလိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင် ကွပ်ကဲရေးအစီအစဥ် နဲ့ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း ရရှိကြောင်း Nအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို နိုဝင်ဘာလ (၃) ရက်နေ့မှ စတင်၍ တိုက်ခိုက်ခဲ့ပြီး လေးရက်မြောက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့အဆိုအရ ကောလင်းမြို့ရဲစခန်းကိုလည်း တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကယ်ထုတ်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ကောလင်းမြို့ ပြည်သူတွေနေထိုင်ရာ လူနေရပ်ကွက်တွေထဲ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့ အကြိမ်ကြိမ် ဗုံးကျဲခဲ့နိုဝင်ဘာလ (၄) ရက်နေ့ တစ်နေ့တည်းတွင် ဗုံးကျဲပစ်ခတ်မှု ခုနှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ KR-Team က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရသေဆုံးကာ အိမ်မီးလောင်မှုများလည်း ရှိခဲ့ရာ အရပ်သားပြည်သူ သေဆုံးမှုနဲ့ မီးလောင်မှု အရေအတွက်ကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၅) ရက်နေ့မှာ ကောလင်းမြို့ရှိ ထွေအုပ်ရုံးကို တော်လှန်ရေးအဖွဲ့ဘက်က ဝင်းထားခဲ့ပြီး ဒီနေ့ နိုဝင်ဘာလ (၆) ရက်နေ့ မနက် ၈ နာရီမှာတော့ စစ်ကောင်စီဘက်က လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ KR-Team က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိနောက်ဆုံးအခြေအနေမှာ ရှေ့တန်းရဲဘော်တွေ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီလို့ သိရပါတယ်။

ကောလင်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ (၃) ရက်၊ မနက် ၀၁:၀၀ ခန့်မှာ စတင်ကာ လေးရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ နိုဝင်ဘာလ (၆) ရက်၊ မနက် ၀၉:၀၀ အချိန်မှာ အပြီးသတ် အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ ကောလင်းခရိုင်တပ်ရင်း (၁) က တပ်စုမှူးကျဆုံးခဲ့တယ်လို့ KR-Team က သတင်းထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 37 Views
ဇန်နဝါရီလ (၁၂)ရက်။ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ဒီကနေ့မှာကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA ရဲ့ ထုတ်ပြန်ထာချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ပြီး အောင်ပွဲရရယူဖို့ အချိန်ကောင်းလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 34 Views
ဇန်နဝါရီလ (၁၀)ရက်။ တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်မြှင့်တင်ကာ အောင်ပွဲရရှိဖို့ အချိန်အခါကောင်းလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

ပလောင်အလံမလွှင့်ရင် ထောင်ဒဏ်ချမယ်လို့ TNLA အမိန့်ထုတ်ပြန်ချက် ဒေသခံတွေ အခက်တွေ့နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 45 Views
ဇန်နဝါရီလ (၉)ရက်။ နမ္မတူမြို့ရှိ နေအိမ်တွေတိုင်း ပလောင်တော်လှန်ရေးနေ့အတွက် အလံမလွှင့်ထူရင် ငွေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်မယ်ဆိုပြီး TNLA က အမိန့်ထုတ်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒီလ (၁၂)ရက်နေ့မှာကျရောက်မယ့် ပလောင်တော်လှန်ရေးနေ့အတွက် အိမ်တွေမှာ ပလောင်အလံတွေ
1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ ဗုံးအလုံး(၂၀)ခန့် ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 46 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီဝန်းကျင်ခန့်က မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ လေကြောင်းကနေ ဗုံးအလုံးရေ (၂၀)ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ
1027 Operations မြန်မာသတင်း

သိန်းနီမြို့မှာ KIA တပ်ဖွဲ့ဝင်တွေဆီကနေ MNDAA တပ်ဖွဲ့ဝင်တွေက လက်နက်ဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့၊

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 93 Views
နှစ်ဖက်စစ်ရေးတင်းမာတာတွေနဲ့ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံ‌တွေ စိုးရိမ်နေကြရ ဒီဇင်ဘာလ (၂၆)ရက်။ ဒီဇင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခန့်က သိန်းနီမြို့နယ်ရှိ နမ့်ဇလပ်တိုးဂိတ်မှာ KIA အရာရှိတစ်ဦးပါတဲ့ တပ်ဖွဲ့ဝင်တွေကို MNDAA က လက်နက်ဖြုတ်သိမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းစစ်‌ရေးသတင်းအရင်းအမြစ်တွေထံက
1027 Operations မြန်မာသတင်း

မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ KIA တပ်စခန်း ပြောင်းရွှေ့ဖို့ TNLA သတိပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 110 Views
ဒီဇင်ဘာလ (၂၂)ရက်။ မိုးမိတ်မြို့ လယ်ကြီးရွာထဲ တပ်စွဲထားတဲ့ KIA တပ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ TNLA ဘက်က သတိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ (၉)ရက်နဲ့ (၁၂)ရက်မှာ KIA ဘက်ကို TNLA
1027 Operations မြန်မာသတင်း

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းထဲ TNLA ရဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲမှာ ကျဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 102 Views
ဒီဇင်ဘာလ (၁၈)ရက်။ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲထဲ အသက်ပေးလှူခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဗိုလ်လောင်းသင်တန်းသားတွေဟာ အလုပ်သင်ဗိုလ်သင်တန်း(TAOT)ရဲ့ အပတ်စဉ် (၄)
1027 Operations မြန်မာသတင်း

နမ့်ခိုင်းတံတားအနီး MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 103 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီအချိန်က နမ့်ခိုင်းတံတားအနီးမှာ MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို တိုက်မိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကွတ်ခိုင်နဲ့ မိုင်းယုလေးလမ်းခွဲကြား ဆက်သွယ်ထားတဲ့