ရန်ကုန်တိုင်း မှော်ဘီမြို့နယ် လျပ်စစ်မီတာရုံးတွင် ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ လျှပ်စစ်မီတာရုံးခန်းထဲက ပါဆယ်ထုတ် တထုတ်မှ စတင်ပေါက်ကွဲခဲ့တယ်လို့ မျက်မြင်ဒေသခံတွေကပြောကြားချက်အရသိရပါတယ်။
အဲဒီ ပေါက်ကွဲမှု ကြောင့် ရုံးဝန်ထမ်း (၂) ဉီးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ဖြစ်စဉ်အတွက် ရုံးခန်းရှိ စောင့်ကြည့်ကင်မရာမှတ်တမ်းများ ဖြင့်လိုက်လံ စုံစမ်းနေကြောင်း သိရသည်။
ထို့အပြင် ယနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တ၀ိုက် နဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့မှာ ပေါက်ကွဲသံများ ကျယ်လောင်စွာကြားရကြောင်း အဆိုပါ မြို့နယ်များတွင်နေထိုင်သူများက ပြောပါတယ်။
Photo – CJ – မှော်ဘီလျှပ်စစ်ရုံး