၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်၊ ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်း၊ တမူးခရိုင်ထဲက ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကဒီကနေ့မှာပဲ သိမ်းပိုက်နိုင်ခဲ့တယ်လို့ Tamu District Battalion 1ကသတင်းထုတ်ပြန်လိုက်ပါတယ်။
ခါမ်းပါတ်မြို့ကစစ်ရေးပစ်မှတ်တွေ ကို နို၀င်ဘာ ၃ရက်နေ့က စပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီး နို၀ငိဘာ ၆ရက်နေ့ မနက်ပိုင်းမှာတော့ ဝိတုတ်ရွာ၊ စစ်ကောင်စီစခန်းနဲ့ခါမ်းပါတ်ရဲခခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့ဒီကနေ့မနက်ပိုင်းမှာတော့မြို့တခုလုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
ဝိတုတ်နဲ့ ခါမ်းပါတ်မြို့ပေါ်က စစ်အုပ်စု စခန်းတွေကို တမူးခရိုင် PDF တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ မဟာမိတ် ABSDF နဲ့ ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။