နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 31 ရက်

1027 Operations

1027 Operations Civil War

MNDAA က စစ်ကောင်စီတပ်စခန်းများကို ထပ်မံသိမ်းယူရရှိပြီး စစ်‌ကောင်စီဘက်မှ တပ်မမှူးတစ်ယောက်သေဆုံး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်၊ ခေတ်မျက်လုံး။

နိုဝင်ဘာလ ၆ ရက်နေ့ (၁၀၂၇) စစ်ဆင်ရေးမှာ စစ်ကောင်စီရဲ့ တပ်စခန်းများထပ်မံသိမ်းယူနိုင်ခဲ့ပြီး လက်နက်ကြီး ပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က တပ်မမှူးတဦး သေဆုံးသွားတယ်လို့ MNDAA က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ (၆) ရက်နေ့ မနက် (၄) နာရီခန့်မှာ MNDAA နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပူးတွဲပြီး သံလွင်မြစ်အနောက်ဘက်ခြမ်း ကွမ်းလုံဒေသရှိ စစ်ကောင်စီရဲ့ လက်နက်ကြီးစခန်းနဲ့ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ညအချိန်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၁၄) ယောက် ကျဆုံးပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုးကန့်ခရိုင်၊ ရှင်းဝမ်ဒေသ၊ ရှင်ဟွာကျေးရွာအုပ်စုရှိ တုံရပ်ထန်ပေါက်ပေါက်တောင်ကုန်းနဲ့ ကျင်ဖိုင်ဟော်တပ်စခန်းတွေ၊ တုန်းရှမ်းဒေသရှိ ရှင်ရွှေထန်တပ်စခန်းနဲ့ ဟုန်ရှင်း (မော့ထိုက်) ဒေသ၊ ရှင့်ထန်ကျေးရွာအုပ်စုရှိ လုံခိုင်ချင်ရှူဖင်ကျန်တပ်ခစန်းများကိုလည်း တချိန်တည်း ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နေ့လည် ၁ နာရီမာတော့ ကိုးကန့်ခရိုင်၊ တာပတုနေရာရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ရာ ညနေ(၆) နာရီအချိန်ထိ တိုက်ပွဲ ဆက်တိုက်ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ တာပတုတံတားရဲ့ တစ်ဖက်ခြမ်း ပန်းလုံတောင်ဘက်ကို MNDAA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ပန်းလုံတောင်ဗျူဟာကုန်းကို ဒရုန်းနဲ့ ဦးစွာပစ်ခတ်တိုက်ခိုက်ပြီးနောက် မနက် ၅ နာရီမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ပူးတွဲပြီး မြေပြင်က ခြေလျင်တပ်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ သိရအာတယ်။ မနက် ၇ နာရီ ၁၅ မိနစ်မှာ ပန်းလုံတောင်အနီးရှိ တပ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး ညနေ ၅ နာရီအချိန်မှာ ပန်းလုံဗျူဟာကုန်းကို လုံးဝသိမ်းယူနိုင်ခဲ့ကာ စစ်ပစ္စည်းအချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲက စတင်ပြီး မုံးကိုးဒေသမှာ အခြေချထားတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို MNDAA ဘက်က လေကြောင်းက ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၆ ရက်နေ့ တစ်နေ့လုံး ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြေပြင်ဘက်ကလည်း တစ်ကြိမ် ထိုးစစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းကနေ ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ချိန်မှာ အဲ့ဒီဗျူဟာကုန်းရှိ ခဲယမ်းဂိုဒေါင်တစ်ခုပေါက်ကွဲခဲ့ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်း တပ်မမှူးတစ်ယောက် သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်းတာလို့ TNLA ပြော

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 46 Views
မေလ (၂၃)ရက်။ နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်တာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 64 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 78 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 62 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး
1027 Operations မြန်မာသတင်း

စစ်ကောင်စီက တပ်တွေအားလုံး ပြန်ဆုတ်ခိုင်းတဲ့အပေါ် TNLA ငြင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 122 Views
မေလ (၂)ရက်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်တာနဲ့ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဧပြီလ (၂၈)ရက်နဲ့ (၂၉)ရက်နေ့တို့က ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ်၊
1027 Operations မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 85 Views
မေလ (၁)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အနောက်ခြမ်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက
1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 67 Views
ဧပြီလ (၃၀)ရက်။ မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်ခမ်းရွာ (၉၀၂)တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေချိန်
1027 Operations မြန်မာသတင်း

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာရတာလို့ MNDAA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 69 Views
ဧပြီလ (၂၆)ရက်။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရတာလို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် များစွာ ဝမ်းနည်းရပါတယ်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဆေးရုံစရိတ် ကြီးမြင့်တယ်လို့ ဝေဖဝေပြောဆိုတာတွေအပေါ်