၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်၊ ခေတ်မျက်လုံး။
ကရင်နီပြည် မယ်စဲ့မြို့နယ်ထဲပါဝင်တဲ့ ပန်တိန်းရွာနားက စစ်ကောင်စီတပ်စခန်း ၃ ခုကို ကရင်နီ ပူးပေါင်းတပ်တွေက ဒီကနေ့ နိုဝင်ဘာ (၇) ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်မှာ အကျအဆုံးများတဲ့အပြင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲကို ကရင်နီပြည်ရှိတော်လှန်ရေးတပ်ပေါင်းစုနဲ့ KNPLF (ကလလတ) ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Source: Karenni Information Center (KnIC)