နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲမြို့နယ် ပန်းရွာအနီးရှိ M7 PDF စခန်း ရဟတ်ယာဥ်နဲ့ ပစ်ခတ်စီးနင်းခံရ

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပန်းရွာအနီးရှိ M-7 PDF စခန်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီးနောက် PDF ရဲဘော်တစ်ချို့နှင့် အဆက်အသွယ်ပြတ်တောက်နေတယ် လို့
ပုလဲ မြို့နယ် ပ.အ.ဖ ဆီက သိရပါတယ်။

ဖြစ်စဉ်မှာ ယမန်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် Mi-35 ရဟတ်ယာဉ်ဖြင့် စခန်းတစ်ဝှိုက်ကို ရုတ်တရက်စီးနင်းပစ်ခတ်ခဲ့ပြီး အင်အားလေးခေါက်ချကာ စခန်းကို စီးနင်းမီးရှို့သွားခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။

Era’sEyes | Photo – Pale Entertatiment – စစ်ကောင်စီ က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်မြင်ကွင်းတခု။

စစ်ကောင်စီက အင်အား ၁၀၀ ၀န်းကျင်ခန့် ချသွားပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကာ မိမိတို့ တပ်သားအချို့နဲ့လည်း အဆက်သွယ် ပြတ်တောက်သွားတယ်လို့သိရပါတယ်၊ အချို့မှာ ဖမ်းဆီးခံရနိုင်ကြောင်း ၊ လွတ်မြောက်လားသူ ၇ ဦး ရှိတယ်လို့ ပုလဲ ပ.အ.ဖ က ဆိုပါတယ်။


ရဲဘော်အချို့သာ စခန်းတွင်းကျန်ရှိနေစဉ် စီးနင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဆုံးရှုံးမှုပာဏများနိုင်သည်ဟု သူက ဆက်ပြောသည်။ စစ်ကောင်စီဘက်က စခန်းတည်နေရာကို တိတိကျကျ သတင်းရရှိကာ လာရောက်ပစ်ခတ်ခဲ့သဖြင့် သတင်းပေးဒလန်များကြောင့် ဖြစ်နိုင်သည်ဟု ပုလဲ ပကဖအဖွဲ့ဝင် တဦးက သုံးသပ်ထားပါတယ်။

စီးနင်းခံခဲ့ရသည့်စခန်းသည် ပုလဲမြို့နယ်မြောက်ဘက်ခြမ်း ပုလဲမြို့ပေါ် နှင့် ၈ မိုင်အကွာခန့်တွင် တည်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ပုလဲမြို့နယ်ကို စစ်ကောင်စီက အင်အား ၂၀၀ ကျော်ဖြင့် တောင်နှင့် မြောက်စစ်ကြောင်းနှစ်ခုခွဲကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး တောင်ဘက်ခြမ်းက ပန်းရွာ၊ နွားကူ နှင့် တနယ်ရွာက ဒေသခံ ၈ ထောင်ကျော် စစ်ဘေးရှောင်နေရသလို ပုလဲမြောက်ဘက်ခြမ်းက ကျေးရွာ ၁၀ ရွာ ထက်မနည်းက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ဗိုလ်မှူးတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 20 Views
မတ်လ (၂၅)ရက်။ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

သင်္ကြန်ကာလ စက်သုံးဆီချွေတာနိုင်ဖို လမ်းလျှောက်သင်္ကြန်တွေ ပြုလုပ်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 12 Views
မတ်လ (၂၅)ရက်။ သင်္ကြန်ကာလထဲ စက်သုံးဆီ အများအပြားမသုံးစေဖို လမ်းလျှောက်သင်္ကြန်အနေနဲ့ သတ်မှတ်ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က စက်သုံးဆီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို
မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 17 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစပြီး အခုလ (၂၄)ရက်နေ့အထိ ယောဒေသထဲက YDF ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ရပ်နေရင်း၊ နယ်စပ်တွင် တပ်ဖွဲ့ဝင်များ စုရုံးထားသော်လည်း ရုရှားက
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 42 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။ ဒီလို
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 37 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 32 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 30 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့