နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲမြို့နယ် ပန်းရွာအနီးရှိ M7 PDF စခန်း ရဟတ်ယာဥ်နဲ့ ပစ်ခတ်စီးနင်းခံရ

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပန်းရွာအနီးရှိ M-7 PDF စခန်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီးနောက် PDF ရဲဘော်တစ်ချို့နှင့် အဆက်အသွယ်ပြတ်တောက်နေတယ် လို့
ပုလဲ မြို့နယ် ပ.အ.ဖ ဆီက သိရပါတယ်။

ဖြစ်စဉ်မှာ ယမန်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် Mi-35 ရဟတ်ယာဉ်ဖြင့် စခန်းတစ်ဝှိုက်ကို ရုတ်တရက်စီးနင်းပစ်ခတ်ခဲ့ပြီး အင်အားလေးခေါက်ချကာ စခန်းကို စီးနင်းမီးရှို့သွားခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။

Era’sEyes | Photo – Pale Entertatiment – စစ်ကောင်စီ က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်မြင်ကွင်းတခု။

စစ်ကောင်စီက အင်အား ၁၀၀ ၀န်းကျင်ခန့် ချသွားပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကာ မိမိတို့ တပ်သားအချို့နဲ့လည်း အဆက်သွယ် ပြတ်တောက်သွားတယ်လို့သိရပါတယ်၊ အချို့မှာ ဖမ်းဆီးခံရနိုင်ကြောင်း ၊ လွတ်မြောက်လားသူ ၇ ဦး ရှိတယ်လို့ ပုလဲ ပ.အ.ဖ က ဆိုပါတယ်။


ရဲဘော်အချို့သာ စခန်းတွင်းကျန်ရှိနေစဉ် စီးနင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဆုံးရှုံးမှုပာဏများနိုင်သည်ဟု သူက ဆက်ပြောသည်။ စစ်ကောင်စီဘက်က စခန်းတည်နေရာကို တိတိကျကျ သတင်းရရှိကာ လာရောက်ပစ်ခတ်ခဲ့သဖြင့် သတင်းပေးဒလန်များကြောင့် ဖြစ်နိုင်သည်ဟု ပုလဲ ပကဖအဖွဲ့ဝင် တဦးက သုံးသပ်ထားပါတယ်။

စီးနင်းခံခဲ့ရသည့်စခန်းသည် ပုလဲမြို့နယ်မြောက်ဘက်ခြမ်း ပုလဲမြို့ပေါ် နှင့် ၈ မိုင်အကွာခန့်တွင် တည်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ပုလဲမြို့နယ်ကို စစ်ကောင်စီက အင်အား ၂၀၀ ကျော်ဖြင့် တောင်နှင့် မြောက်စစ်ကြောင်းနှစ်ခုခွဲကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး တောင်ဘက်ခြမ်းက ပန်းရွာ၊ နွားကူ နှင့် တနယ်ရွာက ဒေသခံ ၈ ထောင်ကျော် စစ်ဘေးရှောင်နေရသလို ပုလဲမြောက်ဘက်ခြမ်းက ကျေးရွာ ၁၀ ရွာ ထက်မနည်းက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 23 Views
မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးကာ (၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၁၅)ရက်။ မနေ့က
မြန်မာသတင်း

ရွှေကျင်မြို့မှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင်လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်တဦး ဓါးခုတ်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 22 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က နံနက် (၁၀)နာရီကျော်အချိန် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့ရှိ အနောက်ဘက်ကျေးရွာမှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင် လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်
မြန်မာသတင်း

နတ်မောက်မြို့မှာ စစ်တပ်လက်အောက်ခံ ရွေး/ကော်ရဲ့ အကြီးတန်းစာရေးတဦးကို PDF ဖမ်းဆီးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 26 Views
နိုဝင်ဘာလ (၁၅)ရက်။ မကွေးတိုင်း နတ်မောက်မြို့နယ်ရဲ့ ရွေးကောက်ပွဲကော်မရှင်က အကြီးတန်းစာရေးတဦးကို ဖမ်းဆီးထားတယ်လို့ နတ်မောက်ဂဋ္ဌုန် PDF တပ်ရင်း(၉၀၃)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၈)ရက်နေ့က နတ်မောက်-မြို့သစ်လမ်းပိုင်းမှာ လုံခြုံရေးစစ်ဆေးတဲ့အချိန် ဖမ်းမိတာ။ ဖမ်းမိထားတဲ့သူက
မြန်မာသတင်း

ဒေါ်သက်သက်ခိုင်ရဲ့ ရွေးကောက်ပွဲဝင်ခွင့် အသနားခံစာအယူခံ ရွေး/ကော် ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 18 Views
နိုဝင်ဘာလ (၁၅)ရက်။ PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ထားတဲ့ အသနားခံစာအယူခံ ပယ်ချခံခဲ့ရတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးစောဟန်အေးရဲ့ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတဲ့ အယူခံ ပယ်ချခံရပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ စိတ်အားထက်သန်နေတဲ့
မြန်မာသတင်း

ရန်ကုန်မှာ နိုင်ငံရေးပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးသူတွေဆိုပြီး လူငယ် (၄)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 23 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးသူတွေဆိုကာ လူငယ် (၄)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖျက်ဆီးခံရတဲ့ နိုင်ငံရေးပါတီတွေဟာ သင်္ကန်းကျွန်းမြို့နယ်ထဲ စိုက်ထူထားတဲ့
မြန်မာသတင်း

ကမ္ဘာလုံးဆိုင်ရာ အခြေအနေ အကျဉ်းချုပ် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 34 Views
လက်ရှိ နိုဝင်ဘာလတွင် နိုင်ငံတကာရေးရာနှင့် ပတ်သက်၍ အဓိက အာရုံစိုက်နေရသော အခြေအနေများမှာ- ၁။ ရုရှား-ယူကရိန်း တင်းမာမှုများနှင့် စိုးရိမ်မှုများ အပူပေးစနစ်နှင့် စွမ်းအင် အန္တရာယ်။ ယူကရိန်းသည် အဆိုးရွားဆုံး ဆောင်းရာသီ ကို ရင်ဆိုင်ရဖွယ်ရှိကြောင်း နိုင်ငံတကာ
မြန်မာသတင်း

ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 44 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတက်တွေက တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ
မြန်မာသတင်း

မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း (၄၀)ကျော် ဖမ်းမိခဲ့တယ်လို့ BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 40 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့မှာ တနင်္သာရီတိုင်းထဲရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ မောတောင်မြို့သိမ်းတိုက်ပွဲမှာ KNLA၊ BPLA နဲ့ Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့