နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေကုက္ကိုလ်တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းကို တိမ်းရှောင်လာကြသည့် မြန်မာ စစ်ဘေးရှောင်(၈၀၀၀)ကျော်အထိရှိလာ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ရွှေကုက္ကိုလ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာစစ်ဘေးရှောင် ဦးရေမှာ ရှစ်ထောင်ကျော်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲစဖြစ်ချိန်ကစပြီး ဒေသခံ ငါးထောင်ကျော်က ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ ဧပြီလ (၇) ရက်နေ့ မနက်ပိုင်းအထိ စစ်ရှောင်ဦးရေ ရှစ်ထောင်ကျော်လာပြီ ဖြစ်တယ်လို့ မဲဆောက်နေ မြန်မာစစ်ဘေးရှောင် အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။


လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်လာနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်များကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကူညီပေးထားတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင် ရှစ်ထောင်ကျော် တိုးလာကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်တလော ထိုင်းဖက်ကို ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာနဲ့ နေထိုင်စရာ ယာယီအမိုးအကာတွေကို တတ်နိုင်တဲ့ဖက်က ပါဝင်ကူညီထောက်ပံ့ပေးနိုင်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရပါတယ်။
Era’sEyes |Photo – CJ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လေပွေလှိုင်းဖြတ်တဲ့ဒေသတွေမှာ မိုးသည်းထန်နိုင်တာကြောင့် ရေကြီး၊ ရေလျှံတာ သတိပြုကြဖို့ မိုး/ဇလသတိပေး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 0 Views
စက်တင်ဘာလ (၁၂)ရက်။ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းဟာ စစ်ကိုင်းအောက်ပိုင်း၊ မကွေးမြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဆက်လက်တည်ရှိနေတယ်လို့
မြန်မာသတင်း

လယ်ဒိုနဲ့ မူးမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 9 Views
စက်တင်ဘာလ (၁၁)ရက်။ စင်တင်ဘာလ (၈)ရက်နေ့က လယ်ဒိုမြို့နဲ့ မူးမြို့နယ်ထဲ စစ်ကောင်စီတပ်က ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ တန့်ဆည်မြို့မရဲစခန်းကနေ အလင်း၀င်လာတဲ့ ဒုတပ်ကြပ်ကို ကျပ် (၅၅)သိန်း ချီးမြှင့်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 5 Views
စက်တင်ဘာလ (၁၁)ရက်။ စစ်ကောင်စီရဲ့ တန့်ဆည်မြို့မရဲစခန်းကနေ လက်နက်ခဲယမ်းတွေနဲ့ အလင်း၀င်လာတဲ့ ရဲဒုတပ်ကြပ်ကို NUG ကာကွယ်ရေး၀န်ကြီးက ကျပ် (၅၅)သိန်း ချီးမြှင့်ခဲ့တယ်လို့ MinKin-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ တန့်ဆည်မြို့မရဲစခန်းက ရဲဒုတပ်ကြပ်ဟာ
1027 Operations မြန်မာသတင်း

လားရှိုးမြို့မှာ စစ်ကောင်စီမိုင်းနင်းမိပြီး အမှိုက်ကောက်သူတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 6 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၉)ရက်နေ့က လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ရင်း(၄၁)အနီးမှာ အမှိုက်ကောက်သူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိတာကြောင့် အမှိုက်ကောက်တဲ့ အမျိုးသားရဲ့
မြန်မာသတင်း

ခင်ဦးမြို့နယ်ထဲ စစ်ကောင်စီက အိမ်ခြေ (၄၀၀)ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ကာကွယ်ရေးရဲဘော် (၃)ဦးကို သတ်ဖြတ်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 6 Views
စက်တင်ဘာလ (၁၁)ရက်။ ဩဂုတ်လ (၃၁)ရက်ကစပြီး ဒီကနေ့အထိ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာ (၁၃)ရွာရှိ အိမ်ခြေ (၄၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။ စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေဟာ ငကြိုင်း၊ အင်ကြင်းပင်၊ ပေါက်တော၊ စောကြီး၊
မြန်မာသတင်း

စစ်မှုထမ်းဖို့ ခေါ်ဆောင်လာချိန် အစောင့်တပ်သားနှစ်ဦးကို သတ်ဖြတ်ပြီး လူငယ် (၂၇)ဦး လွတ်မြောက်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 6 Views
စက်တင်ဘာလ (၁၁)ရက်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ခေါ်ဆောင်တာခံရတဲ့ လူငယ် (၂၇)ဦးဟာ စစ်ကောင်စီအစောင့်တပ်သား (၂)ဦးကို သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ KNU တပ်မဟာ (၄)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းကနေ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပြီး
မြန်မာသတင်း

စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် အရပ်သားနေအိမ် (၁)သိန်းကျော်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 5 Views
စက်တင်ဘာလ (၁၁)ရက်။ အာဏာသိမ်း (၃)နှစ်ကျော်ကာလထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် အရပ်သားနေအိမ် (၁၀၁၄၆၃)လုံး ပျက်စီးခဲ့တယ်လို့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုနှစ်ထဲ မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ်ပေါင်း (၂၁၀၀၀)ကျော်
မြန်မာသတင်း

တရုတ်က စစ်ကောင်စီကို ယွမ် (၅)သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ အကူအညီပေး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 10 Views
စက်တင်ဘာလ (၁၁)ရက်။ တရုတ်က စစ်ကောင်စီကို ယွမ် (၅)သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ အကူအညီပေးခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးဖိုရမ်ကို စစ်ကောင်စီပြည်ထဲရေး၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်