နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆားလင်းကြီး၊ ဘိုက်သရက်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ ဒေသခံ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဘိုက်သရက်ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်တပ်ဟာ ဇွန်လ ၈ ရက်နေ့ မနက်က လယ်ငေါက်ရွာမှာ ရောက်ရှိနေပြီး ဆားလင်းကြီးမြို့နယ်၊ ဘိုက်သရက်ရွာထဲကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တာပါ။


အဲဒီလို ပစ်ခတ်တာကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး ပျက်စီးကာ ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ယင်းမာပင်ဘက်ကို စစ်တပ်က ရေကြောင်း အသုံးပြုပြီးတော့ အင်အားအပြည့်နဲ့ ဇွန် လ (၇)ရက်မှာစစ်ကြောင်းထိုးလာတာ ကြောင့်ဒေသခံ တွေဟာ အဲဒီနေ့ကတည်းကလည်း အလျင်အမြန် ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

Era’sEye/Photo /တိမ်းရှောင်နေရသည့်ဒေသခံများကို တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 16 Views
ဩဂုတ်လ (၆)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က နွားထိုးကြီးမြို့ရှိ ကနား-ပြင်စည်လမ်းပိုင်းတနေရာမှာ စစ်ကောင်စီဂာားတစ်စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ယာယီသမ္မတ မြင့်ဆွေ သေပြီလို့ စစ်တပ်က ထုတ်ပြန်ပေမယ့် သတင်းအမှားဆိုကာ ဇော်မင်းထွန်းပြန်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 13 Views
ဩဂုတ်လ (၆)ရက်။ ယာယီသမ္မတ ဦးမြင့်ဆွေ သေပြီလို့ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပေမယ့် သတင်းအမှားဆိုကာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက ရွာသားတွေကို ဖမ်းဆီးပြီး တစ်ဦးကို ပစ်ခတ်သတ်ဖြတ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 23 Views
ဩဂုတ်လ (၆)ရက်။ ဩဂုတ်လ (၃)ရက်နေ့ ည (၁၀)နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝင်းဝကျေးရွာကို ဝင်ရောက်ပြီး ရွာသူရွာသားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဝင်းဝတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်
မြန်မာသတင်း

စစ်ကောင်စီတပ်က မြို့‌တွေကို လက်လွှဲဖို့ ထပ်တောင်းဆိုရင် ဆွေးနွေးပွဲရလဒ်ထွက်မှာမဟုတ်ဘူးလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 26 Views
ဩဂုတ်လ (၆)ရက်။ အခုလကုန်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ ထပ်မံတွေ့ဆုံဆွေးနွေးသွားဖို့ရှိနေတယ်လို့ မနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ပြောခွင့်ရ လွေးယေဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ အခု စစ်ကောင်စီတပ်က ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊
မြန်မာသတင်း

တရုတ်က မဲခေါင်-လန်ချန်း စီမံကိန်း (၁၄)ခုအတွက် ကန်ဒေါ်လာ (၃)သန်းကျော် စစ်ကော်မရှင်ထံပေးအပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 19 Views
ဩဂုတ်လ (၆)ရက်။ မနေ့က နေပြည်တော်မှာ တရုတ်နိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅)နဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေအတွက် ရန်ပုံငွေလွှဲပြောင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို စစ်ကော်မရှင်ဝန်ကြီး (၁၀)ဦးနဲ့ ဒုဝန်ကြီးတွေအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်
မြန်မာသတင်း

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအထူးစိုးရိမ်နေရပြီး စစ်ဆေးရုံရဲ့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 29 Views
ဩဂုတ်လ (၅)ရက်။ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ အခုအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ကာ/လုံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျန်းမာရေးအထူးစိုးရိမ်နေရတဲ့ ဦးမြင့်ဆွေကို အမှတ်(၂)စစ်ဆေးရုံ ကုတင် (၁၀၀၀)ရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ ဘက်ပြောင်းခိုလှုံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 41 Views
ဩဂုတ်လ (၅)ရက်။ မနေ့က စစ်ကောင်စီတပ်ရဲ့ ခလရ(၄၀၃) ဝင်းဝတပ်စခန်းက တပ်ဖွဲ့ဝင် တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝင်းဝတပ်စခန်းက တပ်ဖွဲ့ဝင်တပ်သား
မြန်မာသတင်း

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 29 Views
ဩဂုတ်လ (၅)ရက်။ သာယာဝတီထောင်ထဲ ထောင်အာဏာပိုင်တွေနဲ့ လက်ပါးစေတွေက နိုင်ငံရေးအကျဉ်းသားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သာယာဝတီထောင်ရှိ သီးသန့်(က/ခ)တိုက်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နှစ်ကြီးကျအကျဉ်းသား