ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဟာ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ၁၃ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။
အဲဒီအခမ်းအနားကို ဇွန်လ ၈ ရက် ဒီနေ့မှာ နေပြည်တော်က ပါတီဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသားအနိုင်ရအောင် လုပ်မယ်လို့ အခမ်းအနားမှာ ပြောကြားပါတယ်။
![](https://eraseye.com/wp-content/uploads/2023/06/352191603_1358283681419014_9055583971301626033_n.jpg)
![](https://eraseye.com/wp-content/uploads/2023/06/352579729_260771853295796_6253226745976833980_n.jpg)
![](https://eraseye.com/wp-content/uploads/2023/06/352321437_749693280248293_1938041548291508243_n.jpg)
ဒီအခမ်းအနားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတင်အေး နဲ့ ကြံ့ခိုင်ရေးအစိုးရ ဝန်ကြီးဟောင်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဝင်ပြိုင်တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ နဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ နေရာအများစု ရှုံးနိမ့် ခဲ့တာပဲ ဖြစ်ပါတယ်။
Era’sEye/Photo/CRD