အာဆင်နယ်အသင်းဟာ အားထားရတဲ့ ပြင်သစ်နောက်ခံလူ ဆာလီဘာကို ၄ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်တိုးမြှင့်ချုပ်ဆိုလိုက်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဆာလီဘာဟာ ပြီးခဲ့တဲ့ ရာသီကမှ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာပဲ အထူးခြေစွမ်းပြကာ အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ရာသီလုံး စုစုပေါင်း ၃၃ ပွဲအထိပါဝင်ကစားကာ ၃ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။




အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့တစ်ရာသီလုံးနီးပါးအမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ရာသီသိမ်းပိုင်းမှာ မန်စီးတီးအသင်းရဲ့ကျော်တက်ခြင်းခံခဲ့ရလို့ ဖလားလက်မဲ့ဖြစ်ခဲ့ရတာပါ။
နောက်ခံလူ ဆာလီဘာကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့ပြီးနောက်မှာ အာဆင်နယ်နည်းပြအာတီတာက ဆာလီဘာလို ကစားသမားမျိုးကို အသင်းမှာ ကာလရှည်စာချုပ်ချုပ်ဆိုဖို့ဟာ ကျတော်တို့ရဲ့ ပြင်းပြတဲ့ဆန္ဒတစ်ခုပါ။
သူက ပြီးခဲ့တဲ့တစ်ရာသီတည်းနဲ့တင် အသင်းအတွက် ဘယ်လောက်ထိ အရေးပါတဲ့ ကစားသမားမျိုးလဲဆိုတာကို ပြသနိုင်ခဲ့သူဖြစ်ပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆာလီဘာဟာ အာဆင်နယ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့လို့ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီစတဲ့အသင်းတွေရဲ့ စိတ်ဝင်စားခြင်းခံနေရလို့ အာဆင်နယ်အသင်းက လက်ဦးမှုရယူကာ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီစာချုပ်သစ်ကြောင့် ဆာလီဘာဟာ အာဆင်နယ်အသင်းမှာ လာမယ့် ၂၀၂၇ ခုနှစ်အထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။